အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )

61 4 0
                                    

နတ်နဂါးစစ်သည်

အပိုင်း ၂၇၃

( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )

ပြိုင်ဘက်ကစားသမားမှ နောက်ထပ် သန်း ၂၀၀ ကြေးတိုးလိုက်သည်နှင့် ရှုချန်းမှာ ခတ္တ စဉ်းစားသွားလေတော့၏။

ဂျက်က ပြုံးလိုက်သည်။

"မင်း ကြောက်လို့လား။ လက်ကောင်းတဲ့ ငါ့လို ကစားသမားတစ်ယောက်က ဒီတစ်လှည့်မှာမှ အချီကြီး နိုင်အောင် မဆော့နိုင်ဘူးဆိုရင် ဉာဏ်နည်းရာ ကျမှာပေါ့"

ရှုချန်းက "မဟုတ်ပါဘူး။ ကျုပ် နည်းနည်း လန့်သွားလို့ပါ။ ခင်ဗျားအနေနဲ့ ဘယ်လိုကြောင့် ဒီလောက်ထိ ယုံကြည်မှုလွန်ကဲနေရတာလဲလို့ စဉ်းစားမိလို့ပါ"

ဂျက်က "ဒါပေါ့"

လင်လဲ့လည်း ရှုချန်းအား မသိမသာ လက်နှင့်တို့ရင်း ပြောလိုက်သည်။

"ယောက်ဖ ... ဒီတစ်လှည့် နောက်ဆုတ်ရအောင်။ နောက်ပွဲတွေကျမှ ပြန်ဆော့လည်း ရတာပဲ"

တစ်ခြားဖက်မှ ပိုင်ရှန်းမှာ ချောင်းတဟွတ်ဟွတ်ပင် သီးသွား၏။ သူက "ဒါမှမဟုတ်လည်း ဒီထက် ပိုရှုံးအောင် လိုက်ပေါ့ကွာ မဟုတ်ဘူးလား"

တဖက်လူများ၏ စိုးရိမ်နေသော မျက်နှာများကို ကြည့်ရင်း ဂျက်မှာ ပို၍ပင် အူမြူးလာလေ၏။

"အဲဒီလို မလုပ်စမ်းပါနဲ့။ ကစားသမားအချင်းချင်း လေးစားမှု ရှိစမ်းပါ။ မစ္စတာရှု ... ခင်ဗျား လိုက်မှာလား၊ မလိုက်ဘူးလား"

စတီဗင်က မှောက်ထားသည့် သူ့ဖဲများကို လှန်ပြရင်း ပြောလိုက်သည်။

"ကဲ ... ကျုပ်ဖဲတွေကို ကြည့်ဦး။ ဂျက်သုံးလုံး ... ခင်ဗျားဖဲက ကျုပ်လောက် ကောင်းနိုင်မှာမို့လား"

လင်လဲ့မှာ ပို၍ပင် စိုးရိမ်သွား၏။ အကြောင်းက ရှုချန်း၏ ဖဲကို သူ မြင်ထား၍ ဖြစ်သည်။ သူက နောက်တစ်ကြိမ် လက်တို့ကာ သတိပေးလိုက်ပြန်သည်။

"ယောက်ဖ ... တစ်လှည့်တည်းနဲ့ ပါသမျှ ပိုက်ဆံအကုန်, ကုန်အောင် ဆော့မလို့လား။ စိတ်ရှည် သည်းခံမှ အသက်ရှည် ... ရှည်"

နတ်နဂါးစစ်သည်Donde viven las historias. Descúbrelo ahora