အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)

243 19 0
                                    

Ace Of The Dragon Division
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၃
(အရင်းနှီးဆုံး သူစိမ်း )

နောက်တစ်နေ့...

ရှူချန်း နိူးထလာပြီးနောက် ပတ်ဝန်းကျင် သည် သူ မရင်းနှီးသည့် နေရာ တစ်ခု ဖြစ်ကြောင်း သတိထားမိသွားသည်။ နိူးနိူးကြားကြား ဖြင့် ထထိုင်လိုက်ပြီး ပတ်လည် အား ကြည့်လိုက်၏။

လင်ချူရွယ် က အစိမ်းရောင် အိမ်နေရင်း ဂါဝန်တစ်ထည် ဝတ်ဆင်ထားကာ ဆံနွယ်များအား စည်းနှောင်ထားသည်။ သူမက ရေတစ်ခွက် အား စားပွဲပေါ် တင်လိုက်ပြီး ...
"ရှင် ဒီကို တစ်ကြိမ် ရောက်ဖူးတယ် မှတ်မိလား..."

"အိုး မင်းပဲ..." ရှူချန်း သက်ပြင်း တစ်ချက် ချလိုက်ကာ ...
"မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေမိလို့ တောင်းပန်ပါတယ်..."

ထို့နောက် သူ ထရပ်ကာ ထွက်သွားရန် ပြင်လိုက်သည်။

"ရေလေး ဘာလေး သောက်သွားပါဦး..." လင်ချူရွယ် ဘာသိဘာသာ ပြောပြီး သီချင်းဖန်တီးသည့် အခန်းဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ စန္ဒယား အရှေ့ ထိုင်ရင်း သွယ်လျသည့် နှင်းဖြူရောင် လက်ဆယ်ချောင်း အား တင်ကာ အယ်ဘမ် အသစ်အတွက် အတီးကျင့်နေလေသည်။

ရှူချန်း ရေတစ်ကျိုက် မော့ချလိုက်ပြီးနောက် ထွက်သွားရန် ပြင်လိုက်သည်တွင် လင်ချူရွယ် အနောက်သို့ ခေါင်းလှည့်ခြင်းပင် မရှိပဲ ပြောလာသည်။
"ရှင် အခုချိန် ထွက်သွားမယ်ဆိုရင် ပါပါရာဇီတွေ တစ်ခုခု သိသွားလိမ့်မယ် ။ ဒီလိုဆိုရင် ရှင် နဲ့ ကျွန်မရဲ့ ဆက်ဆံရေးက လျိုဝှက်ချက် မဖြစ်နိုင်တော့ဘူး ။ "

ရှူချန်း မျက်လွှာချလိုက်ကာ ဆိုဖာထက်၌ ဝင်ထိုင်လိုက်သည်။ အခြားတစ်ဖက်တွင်တော့ လင်ချူရွယ်၏ လက်ထောက် လန် ရှိနေ၏။

ရှူချန်း က လင်ချူရွယ် အား တစ်ချက် ကြည့်လိုက်ပြီးနောက်...
"ကျုပ် ဆေးလိပ်သောက်မယ်ဆိုရင် ခင်ဗျား စိတ်ဆိုးမလား "

သူမ ပြန်မပြော ။ စန္ဒယား သာ တီးခတ်နေသည်။

သံစဉ် မှာ ညင်သာပြီး ညှိ့ငင်ဖွယ် ကောင်း၏။

သံစဉ် နှင့် စီးကရက်တို့၏ အကူအညီကြောင့် ရှူချန်း စိတ်ထဲ နေရထိုင်ရ သက်သာလာမိသည်။

နတ်နဂါးစစ်သည်Where stories live. Discover now