အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)

56 2 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၁၃

( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)

ကြီးကြပ်ရေးမှူး ရန် က ဆက်လက်၍...

"မင်းတို့အတွက် သတင်းကောင်း တစ်ခုရှိတယ်... အခု ငါတို့ စစ်ဒေသငါး အပါအဝင် အသင်း ၂၁ သင်း ပြိုင်ပွဲမှာ ရှိသေးတယ်... ငါတို့ရဲ့ အဆင့် ၂၂ အထိဘဲ ရောက်ခဲ့ဖူးတဲ့ စံချိန်ကို ချိုးပြီး အဆင့် ၂၁ မှာ ရောက်နေပြီ... ကံကောင်းရင် အဆင့် ၂၀ ထဲတောင် ဝင်နိုင်သေးတယ်... ဒါပေမဲ့ ငါ မင်းတို့ကို ပြောပြမယ်... ဒါတွေအားလုံးက ရှုချန်းရဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ... မင်းတို့ မလုပ်နိုင်တာကို သူ လုပ်နိုင်ခဲ့တဲ့အတွက် မင်းတို့အနေနဲ့ သူ့ကို နှလုံးသားထဲကနေ လေးစားဖို့ ငါ မျှော်လင့်တယ်... "

"ဒီနှစ်မှာ ငါတို့ ဘယ်နေရာ ဘယ်အဆင့်ပဲ ရပါစေ မင်းတို့ ပြင်းပြင်းထန်ထန် ပြန်လေ့ကျင့်မယ်လို့ ငါထင်တယ်... ဒါ့ကြောင့် နောက်တစ်ခေါက် လေ့ကျင့်တဲ့အခါ ရှုချန်းကို မင်းတို့ မတားကြနဲ့တော့... မင်းတို့ရဲ့ အမှားတွေကို သိပြီး အားနာမိတယ် ရှက်မိတယ်ဆိုရင် နောက်နှစ်မှာ မင်းတို့ ကြိုးစားပြီးတော့ ပြန်ပေးဆပ်မယ်လို့ ငါ မျှော်လင့်ပါတယ်... "

တပ်သားသစ်ကလေးများ အားလုံး ခေါင်းညိတ်လိုက်ကြ၏။

"စိတ်မပူပါနဲ့ ကြီးကြပ်ရေးမှူး... နောက်နှစ်မှာ ခေါင်းဆောင်ရှုချန်းအတွက် ကျုပ်တို့တွေ ဝန်ထုတ်ဝန်ပိုး မဖြစ်စေရဘူးလို့ ကတိပေးပါတယ်... ကျုပ်တို့ မာနကြီးခဲ့ပေမဲ့ အခုချိန်မှာ တခြားစစ်ဒေသက စီနီယာ စစ်သားတွေရဲ့ စွမ်းဆောင်ရည်တွေကိုလည်း မြင်တွေ့ပြီးပါပြီ... ကျုပ်တို့ ရိုရိုကျိုးကျိုးနဲ့ ခေါင်းဆောင်ရှုချန်း စိတ်မပျက်ရအောင် ကြိုးစားပါမယ်... "

ကြီးကြပ်ရေးမှူး ရန်က...

"သိပ်ကောင်းတယ်... နောက်နှစ်တော့ မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို ငါ စောင့်ကြည့်တာပေါ့... ငါ မင်းတို့ဆီက ကြားချင်တာ ဒီစကားဘဲ... "

ထို့နောက် အင်္ကျီအုပ်ကာ တိတ်ဆိတ်နေသော ဟူပင်းကို တစ်ချက်ကြည့်ပြီး ကြီးကြပ်ရေးမှူး ရန် ထွက်သွား၏။

နတ်နဂါးစစ်သည်Where stories live. Discover now