၁၇၅( မခုတ်တတ်တဲ့ကြောင် )

60 6 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၇၅

( မခုတ်တတ်တဲ့ကြောင် )

စနိုက်ပါကို ရှုချန်း ကောက်ယူပြီး အလယ်ရှိ သစ်ပင်နောက်ကွယ်မှ မြက်ခင်းပြင်ကို တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်၏။ ထိုနေရာ၌ ဟူပင်း ပုန်းအောင်းနေမှန်း သူ သိသည်။ ရှုချန်းက ညာဖက်ခြမ်းအား ရည်ရွယ်ချက် ရှိရှိနှင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ညာခြမ်း တိုက်ခိုက်ခံရပါက ဘယ်ခြမ်းမှ ချက်ချင်း စစ်ကူပေးရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် အလယ်မှ ဟူပင်း နှင့် အဖွဲ့က စစ်ကူပေးရမည်။ ထို့ကြောင့် ဟူပင်း ပုန်းအောင်းနေရာမှ ခေါင်းထောင်လာသည်နှင့် တပြိုက်နက် ရှုချန်းက ခေါင်းကို ချက်ချင်း ပစ်ခတ်နိုင်မည်မှာ အသေအချာပင်။

ထောင်ချောက်များကို စီနီယာတပ်သားများ အဖွဲ့က ကျွမ်းကျင်လိမ္မာစွာ ကွေ့ရှောင်သွားနေခြင်းကို စောင့်ကြည့်နေသော ကြီးကြပ်ရေးမှူး မြင်လိုက်သောအခါ စိတ်ဝင်စားဖွယ်ရာတို့ အမှန်တကယ် ဖြစ်လာတော့မည်ကို ခံစားမိလိုက်၏။

" ဒီတစ်ခါတော့ လူသစ်တွေ ဒုက္ခများပြီပဲ... "

...

အသင့်ဖြစ်နေသော လောင်ရှုဟန် နှင့် အဖွဲ့ က...

" ဝေ့ယွမ်... မင်း အဆင်ပြေလား... " ဟု နားကြပ်မှ လှမ်းမေးလိုက်၏။

ထိုအချိန်တွင် ဝေ့ယွမ် မှာ မြက်ခင်းပြင်ပေါ်တွင် တရွေ့ရွေ့ တွားသွားနေရင်းမှ နောက်ဆုံးတွင် သစ်ပင်ကြီး တစ်ပင်နောက်၌ ပုန်းအောင်း အကာအကွယ် ယူနိုင်လိုက်၏။

ဝေ့ယွမ် က နားကြပ်မှ တဆင့်...

" စိတ်မပူကြနဲ့... ကဲ... ငါ သုံးအထိ ရေပြီးရင် စပြီ... စတာနဲ့ သေနတ်နဲ့ တန်းပစ်မခံရဖို့ ဆုတောင်းပေးကြဦး... "

ထို့နောက် ဝေ့ယွမ် က ငြိမ်သက်စွာဖြင့် တစ်၊ နှစ်၊ သုံး ရေတွက်ပြီးနောက် လူသစ်အဖွဲ့ စနိုက်ပါ၏ မြင်ကွင်းရှေ့တွင် ဘွားကနဲ ကိုယ်ယောင်ပြလိုက်၏။ သို့သော် သူ လျင်မြန်စွာ လှုပ်ရှားလိုက်သည့်အတွက် စနိုက်ပါမှာ သူ့အား ထိမှန်အောင် မပစ်ခတ်လိုက်နိုင်ချေ။

နတ်နဂါးစစ်သည်Where stories live. Discover now