အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)

57 4 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၉၄

( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)

နေ့လည်ခင်း...

တပ်တွင်းဆေးရုံ၌ ရန်ရှန်း တစ်ယောက် ပတ်တီးစီးရလေပြီ။ နံဘေးတွင် မန်နေဂျာနှင့် ဒါရိုက်တာလည်း ရှိနေသည်။

မန်နေဂျာက...

" တီဗွီရှိုးမှာ ပြန်မပါသေးပဲ အရင်ဆုံး အနားယူလိုက်ပါဦး.... "

ခင်ဗျား ကြီးတော်ကြီးကို နားရမှာလား...။

ရန်ရှန်း စိတ်ထဲမှ ရေရွတ်မိသည်။

ရိုက်ကူးရေး ပထမနေ့မှာ နားဖို့ ပြောနေတာလား...။ ဒီ Ture Men က ကြည့်ရှုသူ အရမ်းများတယ်...။ ပြီးတော့ အခု season က လင်ချူရွယ်ပါတော့ ကြည့်ရှုသူ ပိုတောင်များသေးတယ်...။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို နားခိုင်းနေတာလား...။ လင်ချူရွယ်နဲ့ အတူ မရိုက်ကူးရရင် အခု ခေတ်စားနေတဲ့ သတင်းတွေထဲ ကျုပ် ဘယ်လိုပါတော့မှာလဲ...။ ဒီ တီဗွီရှိုးမှာ ပါချင်လို့ အနုပညာကြေးတောင် မယူပဲ ရိုက်ခဲ့တာကို ခင်ဗျားက ပထမဆုံးရက်မှာ နားခိုင်းနေတာလား...။ ဒီ season က တစ်ပတ်ပဲကြာမှာ လူတိုင်း သိတယ်...။ ကျိုးသွားတဲ့ ဒီလက် ပြန်ကောင်းဖို့က အနည်းဆုံး တစ်လလောက် အချိန်ယူရမှာ...။ ဒီ တီဗွီရှိုးကနေ အပြီးနားလိုက်ပါလို့ပဲ တည့်ပြောပါတော့လား....။

"ရပါတယ်... ဒီ ဒဏ်ရာက ကျုပ်အတွက် ဘာမှ မဟုတ်ဘူး... ကျိုးရုံလေးပါ... ပြီးတော့ ဒီ တီဗွီရှိုးက Ture Men မဟုတ်လား... လက်ကျိုးရုံနဲ့ ရိုက်ကူးရေး ဖျက်လိုက်ရင် ကျုပ်က Tue Man ဘယ်ဟုတ်တော့မလဲ... "

နံဘေးနားရှိ စစ်ဆရာဝန်က လက်မ ထောင်ပြပြီး...

" ခင်ဗျားက ရှုချန်းကို တိုက်ခိုက်ခဲ့တာလား... ဘယ်လိုလူတွေလဲဗျာ... သူ့ကို ခင်ဗျားတို့ နည်းပြ အဖြစ် တာဝန်ယူခိုင်းလို့ ရတာ ကျုပ် မယုံနိုင်သေးဘူး.... ခင်ဗျားတို့ True Men အဖွဲ့သားတွေ တကယ်တော်တာပဲ... "

ထိုစကားကြောင့် သုံးဦးသား ကြောင်အသွားကြသည်။

ရန်ရှန်း က ထုတ်လွှင့်သည့် အပိုင်းများတွင် အတတ်နိုင်ဆုံး ပါဝင်အောင် ပတ်တီးစီးလျက်ဖြင့်ပင် ရိုက်ကူးရေး၌ ဆက်လက် ပါဝင်ခဲ့၏။

နတ်နဂါးစစ်သည်Hikayelerin yaşadığı yer. Şimdi keşfedin