၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )

55 4 0
                                    


နတ်နဂါးစစ်သည်

အခန်း ၁၄၆

( လီတ့ဟွမ်၏ အဆုံးသတ် )

ရှုချန်း ရဲဌာနချုပ်သို့ ဝင်သွားလိုက်သည်နှင့် သူနှင့် တစ်ခါမျှ မသိသော လုပ်ဖော်ကိုင်ဖက်အချို့က နှုတ်ဆက်လိုက်ကြသည်။

"မင်္ဂလာနံနက်ခင်းပါ ခေါင်းဆောင်ရှု..."

"မင်္ဂလာပါ ခေါင်းဆောင်ရှု..."

အစက ရှုချန်း အံ့အားသင့်သွားသော်လည်း ပြုံးကာ ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်၏။

သူ မသိလိုက်သေးခင်မှာပင် အနောက်ပိုင်းတံခါးဝဂိုဏ်း အမှုကြောင့် သူ၏ပုံရိပ်မှာ ရဲစခန်းတွင်း၌ ရုတ်တရက်ကြီး ပိုမိုကောင်းမွန်လာခဲ့သည်။ သူ၏ ပြိုင်ဘက်ကင်း ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုကို ပြသခဲ့သည့်အတွက် သူ၏ စွမ်းရည်များကို မယုံကြည်ကြောင်း မည်သူမျှ မပြောနိုင်တော့ချေ။

အဖွဲ့ ( ၅ ) ခမျာ ထိုအမှုကို နှစ်ဝက်နီးပါးခန့် လိုက်ခဲ့သော်လည်း မည်သည့်တိုးတက်မှုမျှ မရှိသည်ကို သူတို့အားလုံး တွေ့ခဲ့ကြသည်။

ဂိတ်တံခါးဝလေးခုကိစ္စ မပြောနှင့်ဦး။ အခြားသောကိစ္စများကိုပင်လျှင် အဖွဲ့အများစုသည် ဤမျှလောက် မြန်မြန်ဆန်ဆန် မဖြေရှင်းနိုင်ကြချေ။

ယခုအချိန်တွင်တော့ ရဲတပ်ဖွဲ့ထဲ၌ ကျားတစ်ကောင်ရှိနေပြီကို လူတိုင်း သိလိုက်ကြ၏။ ထိုကျားမှာ ရှုချန်းပင်တည်း။ ၄င်းမှာ ရှုချန်း၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုသည့်အနေဖြင့် မြေအောက်လောကနှင့် ပတ်သက်သည့် အမြင့်ဆုံးသော အဆင့်ကိုပေးအပ်သည့် ဘွဲ့ ဖြစ်ပေသည်။

အဖွဲ့ ( ၂ ) ရုံးခန်းထဲသို့ ရှုချန်း ဝင်လာသောအခါ အထဲတွင် လီချောင် ၊ ဝူကန်း နှင့် အခြားသူများအားလုံး အလုပ်ရှုပ်နေကြ၏။ သူတို့အားလုံးသည် အစီရင်ခံစာရေးခြင်း (သို့မဟုတ်) စာရွက်စာတမ်းများ ရေးခြစ်ခြင်းတို့ကို ပြုလုပ်နေကြသည်။ ယခင်က ရုံးခန်းတွင်း၌ တစ်ရေးတစ်မော အိပ်နေကြသည့်သူများ၊ ဖုန်းဖြင့် ဂိမ်းဆော့နေသူများရှိသည့် ရုံးခန်း ပတ်ဝန်းကျင်နှင့် မတူတော့ဘဲ တက်ကြွလှုပ်ရှားနေကြသည့် ရုံးခန်းကို မြင်ရသည့် မြင်ကွင်းမှာ ပိုမိုကြည်နူးဖွယ်ကောင်း၏။

နတ်နဂါးစစ်သည်Where stories live. Discover now