၁၅၃( ညီလေး... စားနော်...)

62 5 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၅၃

( ညီလေး... စားနော်...)

ချာခနဲ လှည့်ထွက်သွားသော ရှုချန်းကြောင့်ကျိုးကျီ ဒေါသထွက်သွား၏။ စားပွဲကို ဒေါသတကြီး ရိုက်ချလိုက်ကာ...

"သူ့ကိုယ်သူ ဘာကောင်ထင်နေတာလဲ မသိဘူး... မင်းက ငါ့မျက်စိထဲမှာတော့ ၂၀ မီလျံပဲ တန်တယ်... ၂၀ မီလျံဆိုတာ သူတောင်းစားကို ပေးသလောက်ပဲရှိတယ်..."

သက်တော်စောင့်တစ်ဦး အနားကပ်လာကာ...

"ဆရာ... ကျုပ် သူ့ကို သင်ခန်းစာပေးလိုက်ရမလား..."

"အဲဒီကိစ္စ နောက်မှပြောကြတာပေါ့... သူ တကယ်စုံစမ်းရင်‌တော့ မှောင်ခိုဘဏ်က သူ့ကိုရှင်းဖို့ ငါတို့ကို တာဝန်ပေးလိမ့်မယ်... အဲဒီကျမှပဲ ရှင်းကြတာပေါ့..."

ရှုချန်းက သူ၏ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့သော်လည်း ၎င်းမှာကျိုးကျီ အတွက် ပိုကောင်းသလိုပင် ဖြစ်သွား၏။ ဟဲထျန်း ပြောခဲ့သော စကားများအရ ရှုချန်း သေဆုံးပါက မှောင်ခိုဘဏ်တွင် ရှိနေသော ရှုချန်း၏ ငွေများကိုကျိုးကျီ ပိုင်ဆိုင်ရပေလိမ့်မည်။ ထိုပိုက်ဆံများနှင့်ပတ်သက်၍ ရှုချန်း သိပ်အရေးမထားသော်လည်းကျိုးကျီ ကမူ ငွေအတွက်နှင့် သတ်ဖြတ်ခဲ့သောလူများစွာ ရှိပေသည်။

ကားထဲရောက်သောအခါ လင်လဲ့က ရှုချန်းကို စိတ်ဝင်တစား မေးလိုက်၏။

"ယောက်ဖ... အဲဒီကောင်က ဘယ်သူလဲ... သူ့နောက်ခံက တော်တော်ကြီးတဲ့ပုံပဲ... ငါ့အဖေထက်တောင် မောက်မာသေးတယ်..."

ရှုချန်း ရယ်မောလိုက်၏။

"ဝေ့နိုင်ငံ တွေက ဟွာရှတွေရှေ့မှာဆို အမြဲတမ်း မောက်မာတယ်လေ... ဒါနဲ့ ဟွာရှမှာနေဖို့ ရုတ်တရက်ကြီး ဘာလို့ဆုံးဖြတ်လိုက်တာလဲ... မင်းဟာမင်း အင်္ဂလန်ပြန်ပြီး သူဌေးသားလေး လုပ်နေတာ မဟုတ်ဘူး..."

လင်လဲ့ မဲ့လိုက်၏။

"အင်္ဂလန်မှာ ဆက်မွှေနေရင်လည်း အဖေက ငါ့ကို သတ်တော့မယ်... ငါ့ဟာငါ ပြုပြင် ပြောင်းလဲဖို့ ဒီတစ်နှစ် ဟွာရှမှာ မနေရင် အမွေမပေးဘူးဆိုပြီး ကြိမ်းထားတယ်..."

နတ်နဂါးစစ်သည်Where stories live. Discover now