အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )

113 12 0
                                    

နတ်နဂါးစစ်သည်
အခန်း  ၈၆
( လင်ချူရွယ်အား ပိုးပန်းနေသူ )

နှစ်ရက်အကြာတွင် ရှုချန်း ဆေးရုံဆင်းခဲ့သည်။ ရှုချန်း ဆေးရုံဆင်းရန် လင်မိသားစုက အစစ အရာရာ လာရောက်ကူညီကာ ရှုချန်း နေထိုင်သည့် ကွန်ဒိုသို့ သွားရောက်ရန်လည်း ရည်ရွယ်ထားကြသည်။

သို့သော် ရှုချန်းသည် အခြားသော အမျိုးသမီးနှစ်ဦးနှင့် နေထိုင်ကြောင်းကို လင်ချူရွယ် သတိရမိသည့်အတွက်  “သူ့ကွန်ဒိုက တော်တော်မြင့်တယ်... ဓာတ်လှေကားစီးရတာ အဆင်မပြေဘူး... ဟိုတယ်တခုကိုပဲ သွားရအောင်လေ... အဖေနဲ့အမေက ဟွာရှကို လာလည်ခဲတော့ ရောက်တုန်းရောက်ခိုက် ကောင်းကောင်းမွန်မွန် ပြုစုမယ်...”

လင်ချူရွယ်အမေက မျက်စောင်းထိုးလိုက်ကာ...
“အမေတို့က အပြင်လူမဟုတ်ပါဘူး... အဆင်ပြေပါတယ်... အခုတော့ အိမ်ထောင်ကျသွားတဲ့သမီးက သူ့ အချစ်ရိပ်မြုံလေးကို မိဘကိုတောင် ခေါ်မသွားချင်တော့ဘူးပေါ့...”

လင်ချူရွယ် ရှက်ကာ မျက်နှာကလေး သွေးရောင် လွှမ်းသွား၏။

လင်ချူရွယ်၏ အစစအရာရာ စီစဉ်ပေးမှုကြောင့် ရှုချန်းအနေဖြင့် ဌာနသို့သွားကာ လုပ်ကိုင်ဖွယ်ရာတို့ လုပ်ဆောင်ပြီး ခွင့်ရက်တင်၍ လင်မိသားစုနှင့်အတူ အပန်းဖြေရန်သာ ရှိပေတော့သည်။

ရဲဌာနသို့  ရှုချန်း ရောက်သွားသည့်အခါ လုပ်ဖော်ကိုင်ဖက် အားလုံးက လေးစားစွာဖြင့် အလေးပြုလိုက်ကြသည်။ ရှန်ချန်းရှိ တံခါးဝဂိုဏ်းလေးခုအား တိုက်ရိုက် ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဝံ့သူ လွန်စွာ နည်းပါးသည့်အပြင် မြောက်ပိုင်းတံခါးဝ ခေါင်းဆောင် သခင်ကြီးရန် ကို တိုက်ခိုက် အနိုင်ယူနိုင်ကာ မြောက်ပိုင်းတံခါးဝဂိုဏ်းကို ဖျက်ဆီးနိုင်ခဲ့သောသူမှာ ရှုချန်း တဦးတည်းသာ ရှိပေသည်။

ထိုနေ့မှစ၍ ရှုချန်း၏ အမည်သည် ရှန်ချန်းတခွင် ပျံ့နှံ့သွားကာ ရဲတပ်ဖွဲ့ဝင်အပေါင်း၏ ချီးကျူးသံမှာလည်း မစဲတော့ချေ။ ထို့ကြောင့် သူတို့သည် ရှုချန်းကို မြင်ရသည့်အခါ ဝမ်းသာအားရဖြင့် ...
“ညီလေးရှု... ကျုပ်တို့ ဓာတ်ပုံတူတူရိုက်လို့ရမလား...”

နတ်နဂါးစစ်သည်Where stories live. Discover now