အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)

95 4 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၈၄

( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)

( သတိပေးချက် - ဤအခန်းတွင် ရှေးအတိတ်ဆီမှ လူမျိုးရေး ရန်ငြိုးရန်စတို့ အနည်းငယ် ပါဝင်သည်။ သို့သော်လည်း ဇာတ်လမ်းကို ဇာတ်လမ်းကဲ့သို့သာ သဘောထား၍ ခံစားဖတ်ရှုပါရန်။ )

စိတ်လှုပ်ရှားနေသော လင်ချူရွယ်က ရှုချန်းကို မျက်နှာငယ်လေးနှင့် ကြည့်ပြီး ...

"နင် အရင်သွားလိုက်ပါ... စိတ်မပူနဲ့... ကုမ္ပဏီက အဆင်ပြေသွားပြီဆိုတော့ ငါ့ကို သူတို့ဘာမှ အသုံးချလို့ မရတော့ဘူး... နင်ကလွဲပြီး ငါ ဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်ဘူး..."

ရှုချန်းက လင်ချူရွယ်၏ စကားကို နားမထောင်ဘဲ ဘုရင်မကြီးကို လှည့်ကြည့်၍ ...

"ဘာဖြစ်လို့ ထွက်မသွားခိုင်းလဲဆိုတာ မေးလို့ရမလား..."

ဘုရင်မကြီးက ...

"မင်းက ငါတို့နိုင်ငံသားမဟုတ်ဘူး... ဒါ့ကြောင့် မင်းကို အမိန့်ပေးလို့မရဘူး... ပြီးတော့ ဘာမှလည်း အပြစ်ပေးလို့မရဘူး... ဒါပေမဲ့ နီကိုးလ်က ငါတို့နိုင်ငံသားပဲ... သူက မင်းမိန်းမ မဟုတ်လား... ဒါ့ကြောင့် မင်းရဲ့မဆင်မခြင်လုပ်ခဲ့တဲ့ ပြစ်ဒဏ်ကို မင်းအစား သူ့ကို ပေးမှာ..."

ရှုချန်း ဟက်ခနဲ ရယ်မောလိုက်၏။

"ဘုရင်မကြီး... ခင်ဗျား ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာတော့ သိတယ်နော်... ဘာကိစ္စ ကျုပ်နဲ့ တိုက်ရိုက် မပြောတာလဲ... အမျိုးသမီးတစ်ယောက်ကို ဘာကိစ္စ ခက်ခဲတဲ့ အခြေအနေရောက်အောင် လုပ်ရတာလဲ... ရှင်းရှင်းပြောရရင် ခင်ဗျားလည်း အမျိုးသမီးတစ်ယောက်ပဲလေ... ကိုယ့်အမျိုးသမီးကို ချစ်တဲ့ယောက်ျားက သူမကို နာကျင်စေချင်စိတ် လုံးဝမရှိဘူးဆိုတာ ခင်ဗျား သိသင့်တယ်... ဒါမှမဟုတ် ဒီလိုလူမျိုး မတွေ့ဖူးတာလား... ဒါ့ကြောင့်လည်း ခင်ဗျား နှလုံးသားက ကျောက်တုံးလိုမျိုး မာကျောနေတာ..."

ဘုရင်မကြီးက ရှုချန်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး ...

"မင်း တစ်ယောက်တည်း ထွက်သွားလို့ရတယ်... ဒါပေမဲ့ မင်းက သူမနဲ့အတူ ထွက်သွားဖို့လုပ်နေတယ်..."

နတ်နဂါးစစ်သည်Where stories live. Discover now