၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )

56 4 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၇၁

( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )

သည်းမခံနိုင်တော့သော စီနီယာ စစ်သားတယောက်က ထွက်ခွာထားသော ဟူပင်း ၏ နောက်ကျောကို ကြည့်ပြီး...

"တော်တော် တရားလွန်လာပြီ..."

အခြားသူများက သူ့ကို စိတ်လျော့ရင် ဖျောင်းဖျကြသည်။

"လွှတ်ထားလိုက်စမ်းပါကွာ... မကျေနပ်လည်း မင်းသူ့ကို နိုင်အောင်ချနိုင်တာ မဟုတ်ဘူး..."

"ငါ..."

ကြုံးဝါးလိုက်သော စီနီယာစစ်သား ဘာဆက်ပြောရမှန်းမသိ ဖြစ်သွား၏။ ယခင်က ဟူပင်း ပြဿနာရှာသည်ကို မည်သူမှ မတွေ့ဖူးချေ။ သို့သော် ဟူပင်း၏ ထက်မြက်မှုများကြောင့် စီနီယာစစ်သားများ ထက်ပင်ပို၍ နာမည်ကျော်ခဲ့သည်။ ထို့အပြင် ဟူပင်း အား စိန်ခေါ်နိုင်သူ မရှိသည့်အတွက် အထက်လူကြီးများက သူ့ကို အထူးသီးသန့်လေ့ကျင့်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

ကြီးကြပ်ရေးမှူးက အောင့်သက်သက် ရယ်မောလိုက်ပြီး ရှုချန်းကို...

"သူ့ကို စိတ်မဆိုးနဲ့... နှစ်တိုင်း မာနကြီးတဲ့ လူသစ်တွေတော့ ရှိတာပဲ... အဲဒီလိုမာနကြီးတဲ့ကောင်တွေကတော့ တစ်ချက် နှစ်ချက် ရိုက်ပြီးရင် အချိုးပြေပါတယ်... ဒါပေမဲ့ ဒီကောင်ကတော့ တခြားကောင်တွေနဲ့မတူဘူး... သူ့ကို ရိုက်တဲ့ကောင်ကိုပဲ ပြန်ရိုက်သွားလိမ့်မယ်..."

ရှုချန်းက...

"ဒါ့ကြောင့် ကျုပ် ပြန်လာမယ်ပြောတိုင်း ခင်ဗျား ပြန်မလာစေချင်တာ ဆန်းတော့မဆန်းပါဘူး... သူ့ကြောင့်မလား..."

ကြီးကြပ်ရေးမှူး အောင့်သက်သက် ပြုံးလိုက်၏။

"ငါ့စကားတောင် ဒီကောင့်အပေါ်မှာ ရာနှုန်းပြည့် ဩဇာမလွမ်းနိုင်ဘူးဆိူတာ မင်းလည်း မြင်တာပဲ... ဒီကောင်က သူ့ရဲ့နောက်ခံအသိုင်းအဝိုင်းတွေ သူ့အရည်အချင်းတွေကြောင့် အရမ်းမောက်မာနေတာ... ဒါပေမဲ့ သူ့အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသင့်တယ်... စီနီယာ တစ်ယောက်ကို ဒီလိုမျိုး မဆက်ဆံသင့်ဘူး... စီနီယာစစ်သား တော်တော်များများက သူ့ကို သင်ခန်းစာပေးဖို့ ကြိုးစားပေမဲ့လည်း သူတို့ပဲ ပြန်ခံလိုက်ရတာ... ပြီးတော့ ဒီစစ်ဒေသထဲကို ဝင်လာတဲ့အခါမှာ သူပြောတဲ့စကားက ထိပ်တန်းစစ်သည်သုံးဦးရဲ့ ဒဏ္ဍာရီကို ချိုးဖျက်ပစ်မယ်ဆိုတာပဲ... ဒီလိုပြောလို့ သူ့ကို မင်း စိတ်မကွက်နဲ့..."

နတ်နဂါးစစ်သည်Where stories live. Discover now