၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )

61 6 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၇၃

( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )

ခုခံရေး အဖွဲ့ဘက်တွင်...

ဟူပင်း ပုန်းအောင်းနေသည့် နေရာမှာ လွန်စွာ အန္တရာယ် များပေသည်။ ခုခံရေးဇုန် အပြင်ဘက်ရှိ ရုတ်တရက် မြင်တွေ့ရန် မလွယ်သော နေရာတစ်ခုတွင် သူ ခြုံခိုနေ၏။ သူ၏ ဗျူဟာအရ တိုက်ခိုက်ရေး အဖွဲ့ ဝင်ရောက်လာသည်နှင့် ထွက်ပေါက်ကို ပိတ်ဆို့ထားပေမည်။ သူ့နံဘေးမှ ရှုချန်း၏ တိုက်ခိုက်ရေးအဖွဲ့ ဖြတ်ကျော်သွားကာ ခုခံရေး အဖွဲ့နှင့် ထိပ်တိုက် တွေ့ချိန်တွင် သူက ရှုချန်း၏ အဖွဲ့နောက်မှ ပေါ်လာပြီး ထိုသူများ၏ ဦးခေါင်းအား တစ်ချက်ချင်း ပစ်ခတ်မည် ဖြစ်၏။

၎င်းမှာ သူ့ စိတ်တိုင်းကျ ဆုံးဖြတ်ထားသော ဗျူဟာ တစ်ခု ဖြစ်ပြီး ကျန် အဖွဲ့ဝင်များကတော့ သိပ်သဘောမကျချေ။ သူတို့ အဖွဲ့၏ နည်းဗျူဟာမှာ ဟူပင်း အား အဓိကထား၍ လှုပ်ရှားခြင်း ဖြစ်သည်။ ထို့ကြောင့် ဟူပင်း ကို တစ်ဖက် အဖွဲ့မှ ပထမဦးဆုံး တွေ့သွားခဲ့ပါက ( သို့မဟုတ် ) ပထဆုံး သတ်ဖြတ်ခံလိုက်ရပါက ကျန် အဖွဲ့ဝင်များသာ ရှုချန်းတို့ အဖွဲ့နှင့် ဆက်လက် တိုက်ခိုက်ရတော့မည်။ အမှန်တော့ ဟူပင်း တစ်ယောက် တစ်ကိုယ်တော် အစွမ်းပြလိုနေမှန်း သူတို့အားလုံး သိပေသည်။ ယခင်ကလည်း သူ ထိုကဲ့သို့ လုပ်လေ့ရှိပြီး အောင်မြင်ခဲ့ခြင်းများ ရှိသောကြောင့် ကျန်အဖွဲ့ဝင်များက မနှစ်သက်သော်လည်း ပြောင်ပြောင်တင်းတင်း မဆန့်ကျင်ခဲ့ကြချေ။

ဟူပင်း ၏ နေရာယူထားပုံကို မြင်၍ စောင့်ကြည့်ရေး စင်တာမှ လူများက...

" ဒီကောင်က အတော်မိုက်မဲတာပဲ... သူ့ကိုယ်သူ မင်းသားလုပ်ချင်နေတာ... ဒါပေမဲ့ သူလုပ်ထားတဲ့ပုံမှာ ဟာကွက်တွေ အများကြီး ရှိနေတယ်... "

ကြီးကြပ်ရေးမှူးက စားပွဲပေါ်သို့ လက်နှစ်ဖက် ထောက်လျက်သားဖြင့် မော်နီတာစခရင်ကို ကြည့်ပြီး...

" ဒီကောင်က ရှချန်းကို ဖမ်းချင်နေတာ... စီနီယာ စစ်သားတွေက ရှုချန်းကို ဗဟိုပြုပြီး တိုက်စစ်ဆင်မှာ သူသိတယ်... ရှုချန်းက ခွန်အား ကျသွားပေမဲ့ အဖွဲ့ရဲ့ ဦးနှောက်ဖြစ်နေတုန်းပဲ... အဖွဲ့ အနောက်ပိုင်းလောက်ကနေ ရှုချန်း နေရာယူ ညွှန်ကြားပြီး ပါဝင်လိမ့်မယ်... ဒါကြောင့် ရှေ့ကနေ ထိပ်တိုက် တိုက်ရင် ရှုချန်းကို ထိအောင် တိုက်ခိုက်ဖို့ ခက်ခဲလိမ့်မယ်... ဒါကြောင့် ခုခံရေး ဇုန် အပြင်ဘက်မှာ သူ ပုန်းနေတာ... ရှုချန်းတို့ အဖွဲ့ ဇုန်ထဲ ဝင်သွားရင် အဖွဲ့နောက်ပိုင်းက လိုက်လာတဲ့ ရှုချန်းက သူနဲ့ နီးကပ်နေလိမ့်မယ်... ဒီကောင်က ရှုချန်းကို သူ ဘယ်လောက် အစွမ်းထက်လဲ မြင်စေချင်နေတာ... "

နတ်နဂါးစစ်သည်Where stories live. Discover now