အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )

98 11 0
                                    

နတ်နဂါးစစ်သည်
အခန်း ၈၉
(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )

တဲဗက်စ်တစ်ယောက် ရှုချန်းထက် သာကြောင်း ပြရန် နည်းလမ်းမျိုးစုံ ကြိုးစားနေလေသည် ။ ကာစီနိုရုံ ထောင်နိုင်ခြင်း ဖြစ်စေ ဖဲကစားသည် ဖြစ်စေ သို့မဟုတ်လည်း ဇိမ်ခံကားများ ပိုင်ဆိုင်ခြင်း ၊ အဆင့်အတန်း စသဖြင့် အဘက်ဘက်တွင် သူတို့ နှစ်ဦးက အဆင့်မတူကြောင်း လူတိုင်းအား သိသွားစေချင်သည် ။

ရှုချန်း ၏ တုံ့ပြန်မှုကြောင့် သူ့အစီအစဥ် အောင်မြင်သည်ဟု တဲဗက်စ် ခံစားမိလိုက်၏။ တဆက်တည်း ရှုချန်း အား သိမ်ငယ်စေလိုပြီး လင်ချုရွယ် လို မိန်းမလှလေး အား ပိုင်ဆိုင်ရန် အဆင့်မမှီကြောင်း သိသွားစေလိုသည် ။

လင်ချုရွယ် သည်တော့ တဲဗက်စ် ၏ ရည်ရွယ်ချက်အား ကောင်းကောင်းကြီး သဘောပေါက်သည် ။ ထိုကြောင့် ရှုချန်း မနေတက်မည် စိုးသောကြောင့် ဤနေရာမှ ဆွဲခေါ်သွားချင်နေမိသည်။

သို့သော်ငြားလည်း ယခင်က ရှုချန်း ဆိုလျှင်တော့ ဖြစ်နိုင်သေးသည် ။ ယခု ရှုချန်းမှာမှု မတူတော့ ။ စစ်တပ်ထဲ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာခဲ့သည် ။ ဒါ့အပြင် နဂါးတပ်ဖွဲ့ထဲ မဝင်နိုင်ခဲ့သော်လည်း ကံဆိုးမှု မှ ကံကောင်းမှု အသွင် ပြောင်းလဲခဲ့သည်မို့ သူ့ခန္ဓာအတွင်းရှိ မျိုးဗီဇတို့ က သူ့အား ယုံကြည်မှု အပြည့် ရှိနေစေပေသည် ။ တဲဗက်စ် က သူ့အား မည်သို့ လှောင်ပြောင်နေပါစေ သူ့နှလုံးသားသည် ရေကဲ့သို့ တည်ငြိမ်နေမည်မှာ မုချပင်။

ရှုချန်း ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ...
“ကောင်းပြီလေ ကစားကြတာပေါ့...”

တဲဗက်စ်က သူ့အား ဆွဲချချင်နေသည် မဟုတ်လော ။

တဲဗက်၏ အတွေးထဲတွင်မူ ရှုချန်းအား ငချွတ်လေး တစ်ယောက် ဟု တွေးထင်ထားသည်မို့ ပိုင်ဆိုင်မှု အားလုံး ဆွဲလုချင်နေသည် ။ ရှုချန်း အရှုံးနွံအတွင်း နှစ်မြုပ်ပြီး အရာအားလုံး ဆုံးရှုံးသွားစေလိုသည် ။ ဟုတ်၏ ။ ယင်းက တဲဗက်စ်၏ လက်ရှိ အိမ်မက်ပင် ။

“ အပျော်ပဲ ဆော့ကြမယ်လေ ။ ပွဲနည်းနည်းလောက် က ဘာမှ မဖြစ်ပါဘူး...” တဲဗက် ခပ်ဟဟ ရယ်သည် ။

နတ်နဂါးစစ်သည်Where stories live. Discover now