131+132

134 10 0
                                    

နတ်နဂါးစစ်သည်
အခန်း ၁၃၀
( ပူးပေါင်းခြင်း….)

ရှုချန်း စကားကြောင့် ချန်းချင် မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွား၏။

"မင်း ငါ့ နောက်လိုက်နေတာလား..."

ရှုချန်းက "တကယ်တော့ မင်းက အနောက်ပိုင်း တံခါးဝဂိုဏ်းက သခင်ကြီးလေးယောက်ထဲကပဲ... အသက်ကြီးပေမယ့် ဉီးနှောက်တော့ ကောင်းနေတုန်းပါပဲလား.. အနောက်ပိုင်းတံခါးဝဂိုဏ်း ဒီအခြေအနေအထိ ရောက်လာတာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ... နောက်ကွယ်မှာ မင်းတို့က အများကြီး ပံ့ပိုးခဲ့တာပဲ..."

ချန်းချင် မျက်လုံးမှိတ်လိုက်၏။

"ငါတို့ လေးယောက်ကို တွေ့ပြီလား..."

ရှုချန်းက "ကျန်တဲ့သုံးယောက်တော့  ဖမ်းမိထားပြီ... သင်္ဘောကပ္ပတိန်ရဲ့ ထွက်ဆိုမှုကြောင့် သူတို့တွေ တရားစွဲခံရမှာ သေချာတယ်... ဒါပေမဲ့ ခင်ဗျားကျတော့ ဘယ်လိုလဲ... ခင်ဗျားရော အပြစ်ရှိတယ်ထင်လား..."

"ငါက ဘာအပြစ်ရှိလို့လဲ..."

ရှုချန်း ပြုံးလိုက်၏။

"နဂါး၊ ဖီးနစ်၊ လိပ်နက် နဲ့ ကျားဖြူ အဲ့ဒီလေးယောက်က သွေးသောက်ညီနောင်တွေ မဟုတ်ဘူးလား... မင်းတို့ အကြားက သစ္စာတရားကို ပြဖို့ ဒီ ဒဏ္ဍာရီလာ သတ္တဝါတွေကို တက်တူးထိုးခဲ့ကြတယ်... ဒါပေမဲ့ အဲ့ဒီလေးယောက်ထဲက လိပ်နက် ပျောက်နေတာ သတိထားမိတယ်... အဲ့ဒီအကြောင်း ကျုပ်ကို ရှင်းပြနိုင်မလား.. မစ္စတာ ချန်းချင် ..."

ချန်းချင် ၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားကာ ရှုချန်းအား ထိတ်လန့်တကြား စိုက်ကြည့်နေမိသည်။ အကယ်၍ သူ့တွင် သေနတ်ရှိပါက ရှုချန်းအား ပစ်သတ်မိမည်မှာ အသေအချာပင်။ သို့သော် အခုချိန်တွင် သူ့လက်ထဲ၌ ဘာမှမရှိချေ။

အချိန်အတော်ကြာမှသာ ချန်းချင် အသိစိတ် ပြန်ဝင်လာ၏။ ရှုချန်းအား ရွံရှာမုန်းတီးစွာ ကြည့်လိုက်ကာ…
"အစကတော့ မင်းက ဦးနှောက်မရှိဘဲ လက်သီးအားကိုးနဲ့ သောင်းကျန်းနေတဲ့ကောင်လို့ ထင်ထားတာ... အနောက်ပိုင်းတံခါးဝနဲ့ တောင်ပိုင်းတံခါးဝကို စော်ကားရဲလောက်အောင် မိုက်မဲတဲ့လူလို့ပဲ ထင်ခဲ့တယ်... အခုချိန်မှာတော့ မင်းကဆရာကြီး ဖြစ်နေတာပဲ..."

နတ်နဂါးစစ်သည်Where stories live. Discover now