၁၇၉( လင်ချူရွယ် )

68 7 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၇၉

( လင်ချူရွယ် )

ဖုန်းချပြီးနောက် လင်ချူရွယ်၏ မျက်နှာထက်တွင် ရွှင်လန်းတက်ကြွမှုတို့ ပြည့်နှက်သွား၏။ သူမ၏ လက်ချောင်းလေးများကို စန္ဒရားခလုတ်လေးများပေါ်တွင် လှပစွာ ကခုန် လှုပ်ရှား၍ ဂီတသံစဉ်များကို ဖန်တီးတော့၏။

သူမ နံဘေးတွင်ရှိနေသော လက်ထောက်က ...

"True Men ဆိုတဲ့ တီဗွီရှိုးက တကယ် ခက်ခဲတယ်နော်... အစ်မချူရွယ်အနေနဲ့ဆို တခြား ဘယ်အစီအစဉ်ကိုမဆို ‌ရွေးလို့ရပါတယ်... ဘာလို့ ဒီတစ်ခုကိုမှ ရွေးရတာလဲ..."

လင်ချူရွယ်က သူမလက်ထောက်ကို ကြည့်လိုက်ပြီး ...

"ငါ အသစ်အဆန်းတစ်ခုခုကို စမ်းသပ်ကြည့်ချင်လို့လေ... ငါ့ပရိသတ်တွေက ငါ့ကိုအမြဲတမ်း သီချင်းတွေ ရုပ်ရှင်တွေမှာပဲ မြင်ခဲ့ရတာ... ငါ ဘယ်လိုလူလဲဆိုတာ သူတို့မသိကြဘူး... ဒီတစ်ခေါက် တီဗွီရှိုးမှာတော့ ငါ့ရဲ့ပုံစံ အရှိကို အရှိအတိုင်း ချပြချင်တယ်..."

"ဒါပေမဲ့ စစ်တပ်လေ့ကျင့်ရေး တီဗွီရှိုးမှာ အရင်ဆုံး မိတ်ကပ်လိမ်းလို့မရဘူးဆိုတာ အစ်မ သိရဲ့လား... ပြီးတော့ အစ်မဘေးနားက လူတွေလိုလည်း မင်းသမီးတစ်ယောက်လိုမျိုး ဆရာလုပ်လို့ ရမှာ မဟုတ်ဘူး... တကယ့်တီဗွီရှိုး အထိ မပြောနဲ့ဦး... ရိုးရိုး လေ့ကျင့်တဲ့ရက်တွေမှာတောင် နေရောင်ထဲမှာ နေရတာ... ညဘက် ကင်းစောင့်ရတာ... စခန်းတွေ ဝင်စီးရတာ... စစ်စခန်းတွေမှာ အိပ်ရတာတွေ လုပ်ရတယ်..."

"မဟုတ်သေးဘူး... လဲ့... ငါ့ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး မဆက်ဆံဖူးဘူးလို့ နင်ပဲအမြဲပြောနေတာ မဟုတ်ဘူးလား... ဒီအခွင့်အရေးကို ငါလက်မလွှတ်ချင်ဘူး..."

လင်ချူရွယ်အား နားချ၍ မရမှန်းသိသဖြင့် လဲ့ သက်ပြင်းချမိ၏။ ထို့နောက် အနားယူသွားသော လက်ထောက် ရှောင်လန် ကို ရုတ်တရက်သတိရသွား၍ မေးလိုက်၏။

"အစ်မချူရွယ်... ရှောင်လန် ကို ပြန်ခေါ်ဖို့ အစီအစဉ် တကယ်မရှိတော့ဘူးလား..."

လင်ချူရွယ် ခေါင်းခါယမ်းလိုက်၏။

"ရှောင်လန် က နှုတ်မလုံဘူး... ငါ့နောက်ကျောကို ဓားနဲ့ထိုးမယ့်လူ ပုံစံမျိုးပဲ... အဲလိုလူမျိုးကို ငါ သဘောမကျဘူး... ဒါပေမဲ့ ငါနဲ့ နှစ်နှစ်ကျော် အတူနေလာခဲ့တဲ့ သံယောဇဉ်ကြောင့် ကုမ္ပဏီကတော့ မထုတ်ခဲ့ပါဘူး... သူက ငါ့ကို အမြဲတမ်း ချမ်းသာတဲ့အမွေဆက်ခံသူတွေနဲ့ အောင်သွယ်ပေးဖို့ ကြံနေတာ... ငါတို့ကုမ္ပဏီက တချို့ ဂျူနီယာလေးတွေကတော့ အဲဒီလိုမျိုး သဘောကျတယ်လေ... ဒါပေမဲ့ ငါကတော့ သဘောမကျဘူး..."

နတ်နဂါးစစ်သည်Nơi câu chuyện tồn tại. Hãy khám phá bây giờ