၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )

30 3 0
                                    

အခန်း ၃၁၁

( ရှုံးသူ ချီးစားကြေး )

ရှုချန်းက လင်ကွေ့ရန် ကိုကြည့်ကာ "အဖေ စတိုခန်းကို သွားရအောင်... "

လင်ကွေ့ရန် က သဘောမတူ။

"ဒီကျောက်ရိုင်းတွေ အားလုံးကို ဒီခွေးကောင်ပဲ ဝယ်ခဲ့တာ... တစ်ခုချင်းစီရဲ့ ကုန်ကျစရိတ်ကို သူကတော့ ကောင်းကောင်းသိမှာပေါ့... မင်း သူနဲ့ ဘယ်လို သွားယှဉ်မှာလဲ... "

ဘန်ဂျမင် အနည်းငယ်တော့ စိတ်လှုပ်ရှားမိသည်။

ဤသည်မှာ သူ ကျွမ်းကျင်ပိုင်နိုင်သော နယ်ပယ်ဖြစ်ပြီး အမှန်တကယ်သာ အနိုင်ရခဲ့လျှင် ကုမ္ပဏီသို့ ပြန်ဝင်နိုင်လိမ့်မည်။ မူလက နစ်မြုပ်နေသော သင်္ဘောအလား သုံးစားမရတော့သော ဤကုမ္ပဏီမှ အောက်လမ်းနည်းဖြင့် ငွေများ ထုတ်ယူရန် ကြံစည်ထားသော်လည်း၊ ယခု ကုမ္ပဏီ ပြန်၍ အသက်ဝင်လာသောအခါ ဦးနှောက် မရှိသူများသာ ထွက်ခွာရန် ကြိုးစားကြပေလိမ့်မည်။

မျှော့တစ်ကောင်လို တွယ်ကပ်နေဦးမည့် သူ့အတွက် ရှုချန်း၏ စိန်ခေါ်မှုက အခွင့်အရေးကောင်းတစ်ခု ဖြစ်လာခဲ့သည်။

"အဖေ ဘာမှ စိတ်မပူနဲ့... "

နောက်ဆုံးတွင် လင်ကွေ့ရန် သည် အောက်ထပ်သို့ ဆင်းကာ လူအားလုံးကို စတိုခန်း ရှိရာသို့ ခေါ်သွားသည်။

ထို့နောက် အခန်းထဲ ရောက်သော် မီးများ ဖွင့်လိုက်၏။

စင်ပေါ်၌ အရွယ်အစား စုံလင်သော ကုန်ကြမ်းများနှင့် သန့်စင်ထားသော ပစ္စည်းများကို ကုန်သေတ္တာအပြည့် တွေ့လိုက်ရသည်။

ရှုချန်းသည် သူ၏ ထိုးဖောက်မြင်နိုင်သော ရူပါရုံဖြင့် အခန်းတွင်းကို စကန်ဖတ်ကြည့်လိုက်ရာ အနည်းငယ် စိတ်ပျက်မိသွား၏။

ယခင်က ကျောက်စိမ်းကို မြင်ဖူးခဲ့သူ တစ်ဦးအနေဖြင့် အခန်းထဲရှိ ကျောက်များမှာ ကျောက်ဆီ အနည်းငယ်သာပါသော အရိုင်းတုံးများဖြစ်ကြောင်း သိလိုက်ရလေသည်။ သို့သော် ကျောက်တုံးများ၏ အတွင်းပိုင်းကို မမြင်နိုင်သူများကတော့ ၎င်းတို့၏ တန်ဖိုးများကို သေချာ သိမည် မဟုတ်ပေ။

နတ်နဂါးစစ်သည်Where stories live. Discover now