၁၇၈( ငါ လုပ်နိုင်တယ် )

64 7 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၇၈

( ငါ လုပ်နိုင်တယ် )

ထိုတီဗွီရှိုး၌ ရှုချန်း မပါဝင်လိုသေးပေ။

"အစ်ကိုကြီး... ကျုပ် ဒီတစ်ခေါက်ပြန်လာတာ ပြိုင်ပွဲအတွက်ဆိုတာ သိရဲ့သားနဲ့... ဘာလို့ ဒီတီဗွီရှိုးကိစ္စ ပြောရတာလဲ... ဒီနာမည်ကျော်တွေက ဆတ်ဆတ်ကြဲတွေ... ကျုပ် သူတို့ကို နည်းပြ မလုပ်ချင်ဘူး..."

ကြီးကြပ်ရေးမှူး မျက်နှာ ရှုံ့မဲ့သွား၏။

"ပြိုင်ပွဲစဖို့ တစ်လလောက်ပဲလိုတော့တယ်... ပြီးတော့ ပြိုင်ပွဲဝင်မယ့်အသင်းရဲ့ အဓိက တပ်သားအနေနဲ့ မလုပ်ပေးနိုင်ပေမယ့် မင်းကို တစ်နေရာရဖို့ ငါ အာမခံနိုင်သေးတယ်... ဒါပေမဲ့ အခု မင်းမြင်တဲ့အတိုင်းပဲ... ဟူပင်းနဲ့ မင်းနဲ့ လုံးဝ အဆင်မပြေဘူး... ဒီလိုအခြေအနေမျိုးမှာ အများအားဖြင့် ရွေးချယ်စရာ နှစ်ခုပဲရှိတယ်... မင်းနဲ့သူ တစ်ယောက်ယောက် အနိုင်ရမှဖြစ်မယ်... ဒီလိုဖြစ်ဖို့ကလည်း တစ်ယောက်က အလျှော့ပေးမှရမှာ... ဒါပေမဲ့ ဒီကောင့်ရဲ့ နောက်ခံက မရိုးရှင်းဘူး... ပြီးတော့ အစကတည်းက သူ့ကိုဦးတည်ပြီး ငါတို့ဗျူဟာတွေ ဆွဲထားတာ... ဒါ့ကြောင့် မင်းပြန်လာမယ်ပြောတော့ ငါနည်းနည်းလန့်သွားခဲ့တာ... "

ရှုချန်း ရုတ်တရက် သဘောပေါက်သွား၏။

"ဒါဆိုရင် ပြိုင်ပွဲဝင်မယ့် လူစာရင်းကို လုပ်ထားတာ ကြာပြီလား..."

ကြီးကြပ်ရေးမှူး သက်ပြင်းချကာ ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်... ငါတို့လည်း တော်တော် အကျပ်ရိုက်နေတာ... မင်း နဂါးတပ်ဖွဲ့ကို ဝင်ခွင့်ရဖို့ နောက်တစ်ခါ ကြိုးစားချင်တယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ ငါ အတတ်နိုင်ဆုံး လုပ်ပေးနိုင်တာက မင်းကို ဒီအဖွဲ့မှာ နေရာတစ်ခုရဖို့ပဲ... ဟူပင်းကတော့ အသင်းခေါင်းဆောင် ဖြစ်နေလိမ့်မယ်... ဒီကောင်က နောက်ခံလည်း ခိုင်ခိုင်မာမာရှိတယ်... သူ့ကိုယ်သူလည်း သက်သေပြချင်နေတယ်... ဒါ့ကြောင့် သူ့မိသားစုက ဒီနှစ်ပြိုင်ပွဲမှာ ဒီကောင့်ကိုဦးတည်ပြီး ဗျူဟာခင်းဖို့ လာပြောထားတယ်... ဒါ့ကြောင့် မင်း ပြန်လာရင်တောင် သူက ခေါင်းဆောင်ပဲ ဖြစ်နေမှာ..."

နတ်နဂါးစစ်သည်Where stories live. Discover now