61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )

109 12 0
                                    

နတ်နဂါးစစ်သည်
အပိုင်း ၆၁
( မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )

ရှီဝမ်ပင်း သည် အလင်း အမှုန်အမွှားမျှပင် မမြင်ရအောင်ထူသည့် မျက်စိအကာကို ရှာဖွေလိုနေပေသည်။ အဘယ်ကြောင့်ဆိုသော် ရှုချန်းအနေဖြင့် ဤတကြိမ်တွင် အောင်မြင်စွာ မပစ်ခတ်စေနိုင်ရန် သေချာစေလိုသောကြောင့် ဖြစ်သည်။

ရှီဝမ်ပင်း စိတ်ညစ်နေ၏။

"မင်းရဲ့ ပစ်ခတ်မှု စွမ်းရည်ကိုလည်း ပြသပြီးသားလေ... ဒါကို အခုမျက်စိအုပ်ပြီး ထပ်ပစ်ချင်နေတာလား..."

"မင်းက ဘာလို့ အရမ်းတွေ အစွမ်းပြချင်နေတာလဲ..."

ထို့ကြောင့် ရှီဝမ်ပင်း သည် ရှုချန်း ဝတ်ဆင်ရန် အထူဆုံးသော မျက်စိအကာကို သွားရောက်ရှာဖွေကာ ပေးလိုက်သည်။

ရှီဝမ်ပင်း ၏ စိတ်ထဲတွင် ရှုချန်းအား သာမန်လူသားတဦးအဖြစ် မထင်တော့ပေ။

မျက်စိအကာကို ရှုချန်း ဝတ်လိုက်ချိန်တွင် ဝမ်ယင်း က အံ့အားသင့်စွာ ကြည့်နေမိသည်။

ရှုချန်းသည် ဘာကိုမှ မမြင်ရတော့သည့်အတွက် စက်ဝိုင်းပြားအား ပစ်ခတ်ရန် အသံလှိုင်းများကိုသာ ပိုမိုအာရုံစိုက်ရပေတော့မည်။ ၎င်းသည် ရှုချန်း၏ အသံလှိုင်း တုံ့ပြန်မှုအပေါ် ပိုမို အားကောင်းစေပေသည်။

"ငါတို့ စကြတော့မလား..."

ဝမ်ယင်း က တိုးတိုးလေး ပြောလိုက်သည်။

ရှုချန်း ခေါင်းညိတ်လိုက်သည်။

ဝမ်ယင်း သည် စက်ကိုဖွင့်ရန် သွားလိုက်သည်။

စက္ကန့် ၂၀ ခန့်အကြာတွင် သူတို့ သုံးဦးလုံးသည် ရှုချန်းကို ထိတ်လန့်စွာ ကြည့်နေကြသည်။

ဝမ်ယင်း မှ လွဲ၍ ကျန်နှစ်ဦးသည် ရှုချန်းအား တည့်မတ်စွာ မပစ်ခတ်နိုင်ရန် မျှော်လင့်နေကြပေသည်။

သူတို့၏ စိတ်ထဲတွင်လည်း ရှုချန်းအား လှောင်ပြောင်နေကြသည်။ ရှုချန်းသည် မည်မျှပင် အစွမ်းထက်စေကာမူ အသံတချက်မှမထွက်ဘဲ လေထဲသို့လွင့်တက်လာသည့် စက်ဝိုင်းပြားများကို မျက်စိမမြင်ဘဲ မည်ကဲ့သို့ ပစ်ခတ်မည်နည်း။

နတ်နဂါးစစ်သည်Where stories live. Discover now