၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )

62 6 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၇၇

( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )

ညနေခင်းတွင်...

လေ့ကျင့်စဉ်က အဖြစ်အပျက်မှာ စစ်တပ်အတွင်း၌ တောမီးပမာ ပျံ့နှံ့နေခဲ့၏။ ထရပ်ကားပေါ်တွင် ထိုင်လျက်သား ပြန်လာနေကြသော လူသစ် ၁၅ ဦး အလယ်တွင် ဟူပင်းတစ်ယောက် တစ်လမ်းလုံး ခေါင်းငိုက်စိုက်ချကာ နှုတ်ဆိတ်နေခဲ့သည်။

အခြားလူသစ်များက အစက သူ့ကို နှစ်သိမ့်လိုကြသော်လည်း ဤရှုံးနိမ့်မှုမှာ သူ့အား ဗဟိုပြုသော နည်းဗျူဟာကြောင့် ဖြစ်ပေသည်။ သို့ဖြစ်၍ နှစ်သိမ့်ခြင်းမှာ ဟူပင်းအား လှောင်ပြောင်သကဲ့သို့ ဖြစ်သွားနိုင်သည့်အတွက် အားလုံး နှုတ်ဆိတ်နေလိုက်ကြ၏။

ဟူပင်း ရေချိုးခန်းသို့သွားသော ညအချိန်တွင်ပင် အခြားသော စစ်သားများ၏ တီးတိုးပြောဆိုသံများကို ကြားနေရဆဲဖြစ်၏။

"ထိပ်တန်းစစ်သည်တော် သုံးယောက်က နာမည်နဲ့ တကယ်ကိုလိုက်ဖက်တယ်... အခု ရှုချန်းတစ်ယောက်ပဲ ကျန်ပေမဲ့ လူသစ်တွေထက် သာနေတုန်းပဲ..."

"ဟုတ်တယ်... ဟူပင်းက တတိယမြောက် ထွက်ရတဲ့သူပဲ... ရှုချန်းရဲ့စနိုက်ပါနဲ့ ခေါင်းကို ပစ်ခံလိုက်ရတယ်လို့ ကြားတယ်... ဘယ်လောက်တောင် ရှက်ဖို့ကောင်းလဲ..."

"ဟုတ်တယ်... လူသစ်တွေကို ရှင်းထုတ်လိုက်တာ တစ်ယောက်ပြီးတစ်ယောက်ပဲ... အသေအပျောက်အချိုးက ၁ : ၈ လို့တောင် ကြားတယ်... စီနီယာစစ်သားအဖွဲ့က တစ်ယောက်ပဲ ကျတယ်... လူသစ်တွေက ရှစ်ယောက် ကျတယ်... ဒီလောက် ကွာခြားချက်ကြီးတဲ့ လေ့ကျင့်မှုမျိုး တစ်ခါမှ မရှိဖူးဘူး..."

"ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ဟူပင်း အပါအဝင် အဲဒီလူခြောက်ယောက်ကို ရှုချန်း တစ်ယောက်တည်း ပစ်သွားတာ... အပြန်လမ်းမှာ စီနီယာစစ်သားအဖွဲ့ကတော့ ကားပေါ်မှာ သီချင်းတွေဆိုပြီး ပျော်နေလိုက်ကြတာ... လူသစ်တွေကတော့ ကြက်လည်လိမ်ထားတဲ့ပုံတွေနဲ့ ငြိမ်နေရောပဲ..."

"အဲဒီကောင် သင်ခန်းစာယူသင့်တယ်... ရှုချန်း ပြန်မလာခင်ကတော့ လူတိုင်းက သူ့ကို အားကိုးကြတယ်... ဒါ့ကြောင့်လည်း သူက မာနကြီးနေတာ... ဒါပေမဲ့ ချင့်ချိန်ရမှာပေါ့... မာနကြီးဖို့လိုပေမဲ့ မလိုအပ်တဲ့နေရာတွေမှာပါ မာနကြီးနေရင် ဒါ အကျိုးယုတ်စေတယ်..."

နတ်နဂါးစစ်သည်Où les histoires vivent. Découvrez maintenant