57+58( ကြိုတင်ပြင်ဆင်ခြင်း )

106 11 0
                                    

နတ်နဂါးစစ်သည်
အပိုင်း ၅၇
( ကြိုတင်ပြင်ဆင်ခြင်း )

ရှုချန်း " ငါက ငမွဲတယောက်နော်... "

ရှန်ယောင် အသာ ပြုံးလိုက်ကာ " ရတယ်... "

ရှုချန်း " ငါ့မှာ အာဏာ မရှိဘူး... "

ရှန်ယောင် " ကျွန်မ အဖေဆီက အာဏာ ရှင့်ကို ပေးမယ်... "

ရှုချန်းက " ငါက သိပ်မချောဘူးလေ... "

ရှန်ယောင် " ရတယ်... ရှင် ကျွန်မကို စိတ်ချမ်းသာအောင် ထားရင် ရပြီ... "

ရှုချန်း " ငါက နင့်ကို ရုပ်ဝတ္ထု ပစ္စည်းတွေ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး... "

ရှန်ယောင် " ရတယ်... "

ရှုချန်း သက်ပြင်းချမိသည်။

" နင်က အကုန် လက်ခံနေတာပဲ... လှည့်စားမှု တခုလို့ ခံစားနေမိတယ်... ငါ စဉ်းစားပါရစေဦး... "

ထို့နောက် ရှုချန်း ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

ရှန်ယောင် က စိုက်ကြည့်ကာ " ရှုချန်း... ရှင် လူမိုက်ပဲ... သေဖို့လမ်းကိုပဲ ရွေးနေတယ်... "

သူမ၏ သရုပ်ဆောင်မှု မအောင်မြင်၍ အဓိက ရည်ရွယ်ချက် ဖြစ်သော ရှုချန်း ထိုးသတ်ပွဲသို့ မသွားရန်ကိုသာ ပေါ်တင် ပြောလိုက်၏။

ရှုချန်းသည် သူတို့ နှစ်ဦးကို ပြုံးပြကာ...
" နင်တို့လည်း သွားကြည့်မှာမလား... "

ရှန်ယောင် က...
" ဟုတ်တယ်... သွားမှာ... vip ခုံတောင် ဝယ်ထားပြီးပြီ... မြောက်ပိုင်းတံခါးဝ ခေါင်းဆောင် ဘက်က လောင်းကြေးထပ်မယ်... ဂိုဏ်းခေါင်းဆောင် နိုင်ရင် လောင်းကြေး ၁.၂ ဆ ရမယ်... ရှင်နိုင်ရင်တော့ ၁၂ ဆ ရမယ်... "

" ဘာ... "

ရှုချန်း မျက်လုံးများ ပြူးကျယ်သွားသည်။

ယန်ကျင်းက ...
" မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်ဆိုတာ အချိန်တခါက နာမည်ကြီး လူမိုက်ခေါင်းဆောင်... အခုဆို အသက် ၅၀ လောက် ရှိပြီ... ဒါပေမဲ့ အခုအချိန်အထိ လေ့ကျင့်နေတုန်းပဲ... သူ့ကို ဆရာသခင်ဘွဲ့ ပေးထားတာ အလကား မဟုတ်ဘူး... မြောက်ပိုင်းတံခါးဝ တဂိုဏ်းလုံးကလည်း နင့်ကို မုန်းနေကြတာ... ဒါကြောင့် နင့်ဘက်ကနေ ဘယ်သူမှ မလောင်းလောက်ဘူး... "

နတ်နဂါးစစ်သည်Where stories live. Discover now