၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )

74 6 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၄၂

( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )

ဝမ်ကျောက် ၏ စကားကြောင့် ထိုသူ ရှက်ရမ်း ရမ်းနေပြီဖြစ်ကြောင်း ရှုချန်း သိလိုက်၏။

ထို့ကြောင့် ရှုချန်း ပြုံးလိုက်ကာ ...

"အစ်ကိုကြီး... ခင်ဗျား တကယ် အလေးအနက်ထားပြီး ကစားနေတာလား..."

" -ီးပဲ... မင်းကရော... အတည်ကြီး မလုပ်တာ ကျနေရော... မင်းသာ အတည်မလုပ်ရင် ငါ့မျက်လုံးတွေ ဘာကိစ္စ ပန်ဒါမျက်လုံးလို ဖြစ်သွားမှာလဲ..."

ဝမ်ကျောက် စိတ်ထဲမှ ကျိန်ဆဲမိ၏။

"ထပ်လုပ်ရအောင်... ငါ အခုတစ်ခေါက် အတည်ကစားမယ်... စောနက မင်းကို လျှော့တွက်မိသွားတယ်..."

ရှုချန်း လက်မြှောက်ကာ ခေါင်းညိတ်လိုက်၏။

"အသင့်ပဲလား..."

ဝမ်ကျောက် ခေါင်းညိတ်လိုက်၏။

ထို့နောက် ရှုချန်း၏လက်ကို အာရုံစိုက်နိုင်ရန် မျက်လုံးများကို မှေးကြည့်လိုက်သည်။ ဒီတစ်ကြိမ်တော့ ရှုချန်း၏ လက်လှုပ်ရှားမှုတစ်ခုလုံးကို သူ ဖမ်းမိလိုက်၏။

"သူ ဒီတစ်ခါလည်း ငါ့ညာမျက်လုံးကို ထပ်ပြီးထိုးဖို့ ကြိုးစားနေတာလား... ဒါမှမဟုတ် ညာမျက်လုံးကို မထိုးတော့ဘူးလား..."

ဤတစ်ကြိမ်တွင် ရှုချန်း၏ တိုက်ခိုက်မှုကို ဝမ်ကျောက် မည်ကဲ့သို့ မှန်းဆနိုင်ခဲ့သနည်း။

ဟုတ်ပေသည်။ ဝမ်ကျောက် တစ်ယောက် ခန့်မှန်းစေနိုင်ရန် ရှုချန်း ရည်ရွယ်ချက်ရှိရှိ အရှိန်လျှော့လိုက်ခြင်း ဖြစ်၏။ ဝမ်ကျောက် ၏ ညာမျက်လုံးကို ထပ်ထိုးရန် ကြံစည်လိုက်သော်လည်း သူ၏ လက်က ညာမျက်လုံးရှေ့ကို ပိတ်ဆို့ ကာဆီးထားသည့်အတွက် ရှုချန်း လက်သီးလမ်းကြောင်း ချက်ချင်း ပြောင်းကာ ဝမ်ကျောက် ၏ ဘယ်မျက်လုံးကို ထိုးနှက်လိုက်၏။

"အား... -ီးလို ထိုးနေတာလား ခွေးမသားလေး..."

ဝမ်ကျောက် တစ်ယောက် ဘယ်မျက်လုံးကို လက်ဖြင့်အုပ်ကာ နာကျင်စွာဖြင့် အော်ဟစ်ဆဲဆိုလိုက်၏။ ဤကိစ္စ အလုံးစုံကို လှုံ့ဆော်ပေးခဲ့သူ ရှန်ဝမ်ဆန်း မှာလည်း 'ဒီကိစ္စ ငါမသိဘူးနော်' ဆိုသော မျက်နှာပေးမျိုးဖြင့် အခြားတစ်နေရာသို့ မျက်နှာလွှဲနေ၏။

နတ်နဂါးစစ်သည်Where stories live. Discover now