၁၆၄

61 7 0
                                    

 နတ်နဂါးစစ်သည်

အခန်း ၁၆၄

( မင်းရဲ့ စွမ်အားတွေက တစ်ကမ္ဘာလုံးကို မင်းရဲ့ ရန်သူ ဖြစ်လာအောင် လုပ်လိမ့်မယ်...)

နေးလ် အံ့အားသင့်သွားသည်။

"ငါ လာမယ်ဆိုတာ မင်းဘယ်လိုနေတာလဲ... ငါ ရဲဌာနချုပ်က ထွက်လာကထဲက မင်း ငါ့နောက်ကို လိုက်နေတာလေ... ငါ အိမ်ကို ပြန်‌ရောက်နေတာ တစ်နာရီလောက် ရှိပြီ... ပြီးတော့ တစ်နာရီလောက် ကြာမှ မင်း ရောက်လာမှာကိုလည်း ငါသိတယ်... မင်းအနေနဲ့ သပ်သပ်ရပ်ရပ် လုပ်ကြံသတ်ဖြတ်ပြီး ဘေးကင်းတဲ့နေရာကို ထွက်ပြေးနိုင်အောင် ပြင်ဆင်မှုတွေလုပ်ဖို့ အချိန် လိုတယ်လေ... မင်းက အဆောက်အအုံရဲ့ cctv စနစ်ကိုလည်း စစ်ဆေးပြီးပြီ... လွန်ခဲ့တဲ့ နာရီဝက်လောက်က ဒယ်လီဗရီသမား ဟန်ဆောင်ပြီး လုံခြုံရေးအစောင့်တွေကို ပ ထုတ်တယ်... ပြီးတော့ cctv တွေ အားလုံးကို ပိတ်ပစ်တယ်... ပြီးတော့ အဲ့ဒီလုံခြုံရေး အစောင့်တွေဆီက မာစတာကီး သော့ကို ယူပြီး လှေကားတွေ အကုန်လုံးကို ပိတ်ထားလိုက်တယ်... မင်း လက်အိတ်ဝတ်ထားတော့ လက်ဗွေ မကျန်တော့ဘူးပေါ့... "

နေးလ် တစ်ယောက် မျက်လုံး အပြူးသားဖြင့် ကြည့်နေ၏။ နောက်ဆုံး မယုံကြည်နိုင်စွာဖြင့် ခေါင်းခါယမ်းလိုက်ပြီး...

"မယုံနိုင်စရာပဲ... ဒါတွေအားလုံး မင်း ဘယ်လို သိနေတာလဲ... အရှေ့တိုင်းမှာ နှစ်‌ထောင်ချီ သမိုင်းကြောင်း အစဉ်အလာ ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေ လျှို့ဝှက်ဆန်းကြယ်သူတွေ ရှိတယ်လို့ အနောက်နိုင်ငံက ငါ့ သူငယ်ချင်း အတော်များများ ပြောကြတယ်... မင်းတို့ အရှေ့တိုင်းက ကောင်တွေက ညံ့ဖျင်းတဲ့ သူ‌ရဲဘောကြောင်တဲ့ ငကြောင်တွေလို့ ငါ အမြဲထင်ခဲ့တာ ဒါပေမယ့် အခုတော့ ငါ တကယ်ကို အသစ်အဆန်း တစ်ခု တွေ့လိုက်ရတယ်... မင်းက အရမ်း ကြောက်စရာကောင်းနေပါလား... ဒါ့ကြောင့်လည်း လူတိုင်းရဲ့ အစီအစဉ်ကို ကွက်ကျော်မြင်ပြီး ဖျက်ဆီးနိုင်တာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး... ငါ့အမြင်မှာတော့ မင်းက တခြားသူတွေကို အကွက်ကျော် ကစားနေသလိုပဲ..."

ထို့နောက် နေးလ် ရယ်မောလိုက်၏။

"ဒါပေမယ့် ကံ‌မကောင်းပါဘူး... လှေကားတွေ အားလုံးကို ငါ ပိတ်ထားတဲ့အတွက် ဒီနေရာကနေ ထွက်ပြေးဖို့ ဓါတ်လှေကားကလွဲပြီး တခြားနည်းလမ်း မရှိဘူး... ငါကလည်း မင်းကို ဒီနေ့ ဒီနေရာမှာ အသက်ဆက်ရှင်ခွင့် မပေးဖို့ ဆုံးဖြတ်ချက် ချထားပြီးသား..."

နတ်နဂါးစစ်သည်Where stories live. Discover now