၁၇၄( ပြည့်စုံသော လမ်းကြောင်း )

62 6 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၇၄

( ပြည့်စုံသော လမ်းကြောင်း )

ရှုချန်း စကားကြောင့် စီနီယာ စစ်သားများ အားလုံး အနည်းငယ် ရှက်သွားကြ၏။

ဝေ့ယွမ် က..

" မင်း ဘာတွေ ပြောနေတာလဲ... ငါက သေးသေးမွှားမွှားကအစ ဂရုစိုက်တဲ့ကောင်... "

လောင်ရှုဟန် က...

" မင်း အဲ့လို သေးသေးမွှားမွှားက အစ ဂရုစိုက်တတ်တယ်ဆိုရင် မင်းကောင်မလေးက မင်းကို စာနာစိတ် မရှိတဲ့ကောင်ဆိုပြီး ထားသွားမလား စော်ပစ်ကောင်ရ... လျှောက်ပြောနေတယ်... "

ဝေ့ယွမ် နှင့် လောင်ရှုဟန် တို့ စကားနိုင်လုနေကြချိန်တွင် အခြားသူများက တဟားဟား ရယ်မောနေကြသည်။

စောင့်ကြည့်ရေးစင်တာမှ လေ့သာသုံးသပ်သူများက...

" စီနီယာ စစ်သားတွေ ဒီလို အချိန်ဆက်ဆွဲနေရင် ခုခံရေး အဖွဲ့အတွက် အကျိုးပိုများလာလိမ့်မယ်... သာမန် ခုခံရေး ဗျူဟာဆို မှောင်လာတာနဲ့အမျှ တိုက်ခိုက်မှုကို ခုခံဖို့ ပိုခက်လာတယ်... ဒါပေမဲ့ ဟူပင်း ရဲ့ ဗျူဟာက မှောင်လာလေလေ ချုံခိုတိုက်ရတာ ပိုပြီး လုံခြုံလေလေပဲ... အမှောင်က သူတို့ကို ပိုအကျိုးရှိစေမှာ... "

ကြီးကြပ်ရေးမှူးက...

" ဒါက ဟူပင်း ရဲ့ ကျွမ်းကျင်မှုတွေထဲက တစ်ခုလေ... ဒီကောင်က တကယ်တော်တယ်... သူ့ ဒေါသကို ထိန်းချုပ်နိုင်ဖို့ပဲ လိုတာ... ဒီပြိုင်ပွဲက သူ့အတွက် အရမ်းမခက်ဖို့ ငါ မျှော်လင့်ပါတယ်... "

တစ်ဖက်တွင် နေလုံးကို ကွယ်ပျောက်ကာ အမှောင်ထုမာ တစတစကြီးစိုး လာလေပြီ။

ရှုချန်းက...

" နေဝင်သွားပြီ... " ဟု တိုးတိုးကလေး ရေရွတ်လိုက်၏။

ဝေ့ယွမ် က...

" ရှုချန်း... ငါတို့ အချိန်ဆွဲထားရမလား... ရုတ်တရက် ဘွားကနဲ တိုက်ခိုက်ဖို့ ညသန်းခေါင်အထိ စောင့်ကြမှာလား... "

ရှုချန်း ခေါင်းခါယမ်းလိုက်ပြီး...

" တစ်ညလုံး ဒီမှာ မနေချင်ပါဘူး... အဆောင်ပြန်ပြီး ရေချိုးချင်သေးတယ်... "

နတ်နဂါးစစ်သည်Where stories live. Discover now