၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )

71 4 0
                                    


နတ်နဂါးစစ်သည်

အခန်း ၁၄၃

( ဒီကလေးက ငယ်လွန်းသေးပါတယ်... )

ဝမ်ကျောက် ၏ ဒေါသတကြီး ပြောလိုက်သော စကားကြောင့် အားလုံး ဘာပြောရမှမှန်းမသိ ဖြစ်သွားကြ၏။ ရှန်ဝမ်ဆန်း က ချောင်းဟန့်လိုက်ပြီး...

" နောက်ကျနေပြီ... မနက်ဖြန် အလုပ်သွားရမှာမို့ အိပ်ချိန် ရောက်ပြီလေ... "

အမှန်တော့ မျိုးဆက်သစ် လူငယ်များရှေ့တွင် သူ အရှကတကွဲ မဖြစ်လိုပေ။ ထို့ကြောင့် ထိုလူငယ်လေးများအား ဂရုစိုက်သူ တစ်ဦး ဟန်ဖြင့် ချက်ချင်းရှောင်ထွက်လိုက်၏။

ဖခင်ဖြစ်သူ ထွက်သွားပြီးနောက် ရှန်ယောင်က ရှုချန်းကို ကြည့်လိုက်သည်။ ထို့နောက် ယန်ကျင်းကို ကြည့်ကာ နှစ်ဦးသား ပြုံးပြ ရယ်မောလိုက်ကြ၏။

ထို့နောက် သူမက ရှုချန်းကို...

" နင် အစ်ကိုကြီး ဝမ်ကျောက် ရဲ့ မျက်နှာကို ထောက်သင့်တယ်နော်... သူက တကယ်တော့ အဖေ့ အမိန့်အတိုင်း လိုက်နာနေရတာရယ်... "

ရှုချန်း ခါးသက်သက် ပြုံးလိုက်၏။

" နင် ငါ့ကို သိတာ ကြာလှပြီ... ငါက ငါ့ကို အနိုင်ကျင့်တဲ့သူတွေကို ဒီတိုင်း ကြည့်နေတတ်တဲ့ သူတစ်ယောက်လား... နင့်အဖေက ငါ့ကို ရန်ငြိုးဖွဲ့နေပြီ... ငါသာ အရှုံးခံလိုက်ရင် ငါ ဒီမှာနေမယ့် နောက်ရက် အနည်းငယ်အတွင်း လွယ်မှာ မဟုတ်ဘူး... "

ယန်ကျင်းက ထူးဆန်းစွာ ကြည့်လိုက်ပြီး...

" ဒါပေမဲ့ နင် ပိုပြီး တောင့်ခံလေလေ ဦးလေးရှန် က သူ့သမီးကို နင်လိုက်နေတယ်ဆိုပြီး ပိုထင်လာလေလေပဲ... အခုလို ငြိမ်ခံမနေတာက နင့်ကိုယ်နင် ဘာကောင်လဲဆိုတာ နင့် ယောက္ခမလောင်းကို သက်သေပြတဲ့ လုပ်ရပ်တစ်ခုလို့ ထင်နေတာလား... "

" ဘာရယ်... "

ရှုချန်း တစ်စက္ကန့်မျှ ထိတ်လန့်သွား၏။ ထိုဖြစ်နိုင်ချေကို သူ မစဉ်းစားခဲ့ရိုး အမှန်ပါ။

ယန်ကျင်းကို ကြည့်ရင်း ရှန်ယောင်လည်း ရှက်သွား၏။ ထို့ကြောင့်....

နတ်နဂါးစစ်သည်Where stories live. Discover now