128+129

95 10 0
                                    

နတ်နဂါးစစ်သည်
အခန်း ၁၂၈
( တစ်ယောက်ယောက်ကတော့ အရှုပ်ထုတ်တွေထဲ ဝင်ပါချင်နေတာပဲ… )

အိမျ၌…

တစ်နေ့တာလုံး အပြန်ပြန် အလှန်လှန် တွေးတော စဉ်းစားပြီး နောက်ဆုံးတွင်တော့ လင်ချူရွယ်က ...
“ အဖေ… အမေ… သမီး ဆုံးဖြတ်ပြီးပြီ… “

“ ကောင်းတာပေါ့… ဟွာရှမှာ အဖေတို့ ကြာကြာ မနေသင့်ဘူး… မြန်မြန်ပြန်တာ ကောင်းတယ်… သမီး ဆုံးဖြတ်ပြီးပြီ ဆိုတော့ ပြန်ဖို့ လေယာဉ်လက်မှတ် ဝယ်ထားလိုက်တော့မယ်နော်… “ လင်ကွေ့ရန်က ပြောပြောဆိုဆိုဖြင့် လင်လဲ့ဘက် လှည့်ကာ ဆက်ပြောသည်။
“ မနက်ဖြန် ညနေ အတွက် လေယာဉ်လက်မှတ် လေးစောင် ဖြတ်ထားလိုက်… ညဘက် ပြန်ရင်က ခရီးပန်း သက်သာလိမ့်မယ်… “

“ လက်မှတ် လေးစောင် ဖြတ်ဖို့ မလိုပါဘူး… သမီး မပြန်ဘူး… “

လင်ကွေ့ရန်တို့ လင်မယား ထိတ်လန့်တကြားဖြင့် လင်ချူရွယ်အား ကြည့်လိုက်ကြသည်။

“ ကျန်ခဲ့မလို့လား သမီး… “

လင်ချူရွယ် ခေါင်းညိတ်၏။

“ ဟုတ်ကဲ့… “

“ ဒီမှာနေတာ အရမ်း…. “

လင်ကွေ့ရန် စကား မဆုံးမီမှာပင် လင်ချူရွယ်က “ သမီး သူ့ကြောင့် နေခဲ့မှာ မဟုတ်ဘူး… သမီးအလုပ်က ဒီမှာလေ… မပြောမဆို ရုတ်တရက် ပြန်သွားရင် ပရိသတ်တွေ အတွက် မတရားရာ ကျတယ်… အဖေ ရှယ်ယာဝင်ထားတဲ့ ဖျော်ဖြေရေး ကုမ္ပဏီရဲ့ ဝင်ငွေလည်း အတော် ကျသွားလိမ့်မယ်… အဖေ့ ရှယ်ယာတွေ တန်ဖိုး ထိုးကျသွားနိုင်တယ်… “

“ ဒီပိုက်ဆံလောက်လေးကို အဖေ ဂရုမစိုက်ဘူး… “

“ သမီး သိပါတယ်… ဒါပေမဲ့ အဖေ့ပိုက်ဆံတွေ ဆုံးရှုံးမယ့် ကိစ္စကို သမီး မလုပ်ချင်ဘူး… အခုချိန်မှာ ပြန်သွားရင် သုံးနှစ်ကျော်လောက် တည်ဆောက်ခဲ့ရတဲ့ သမီးရဲ့ ပုံရိပ်နဲ့ ပရိတ်သတ် အင်အားကို ဆုံးရှံးရလိမ့်မယ်… ဒါတွေကို အလဟသ မဖြုန်းတီးပစ်ချင်ဘူး…  “

လင်ချူရွယ်အား လင်မိသားစုဝင် အားလုံး တိတ်ဆိတ်စွာ ငေးကြည့်နေကြသည်။

အချိန်အတော်ကြာမှ လင်ကွေ့ရန်က “ ရှုချန်းကြောင့် ဆက်နေမှာ မဟုတ်တာ သေချာရဲ့လား… “

“ အခုချိန်မှာ သမီးတို့က အိမ်ထောင်တခုကို ထူထောင်ပြီးနေပြီလေ… ဒါပေမဲ့ ထိခိုက်ရမယ့် အချိန်တခု ရောက်လာရင်တော့ ကွာရှင်းဖို့ စဉ်းစားမှာပါ… “

နတ်နဂါးစစ်သည်Where stories live. Discover now