အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )

50 4 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၄၁

(ငါ သူ့ကို ယုံတယ် )

အောင်းလီတစ်ယောက် ကြက်သေသေသွားခဲ့သည်။ သူက ဖုန်းပြန်ဆက်၍ တောင်းပန်မည်ပြုစဉ် အဖိုးကြီးယွမ်က ပြောလာသည်။

"သူဌေးအောင်း.. သူဌေးအောင်းအတွက် ပြောနေရတာ.. တကယ်လို့ အဲ့ဒီလူကို ထိပါးမိတာရှိရင် သူက ပြဿနာ လာပြန်မရှာရင်တောင် ခွင့်လွှတ်ပေးမှာမဟုတ်ဘူး.. ကျုပ်ကိုမယုံရင် စောင့်ကြည့်နေလိုက်.. ရှုချန်းကို ရဲဌာနရဲ့ ကျားလို့ခေါ်ပေမယ့် မြေအောက်လောကမှာတော့ ငရဲမင်းလို့ ခေါ်ကြတယ်.. သူ့ကိုတောင်းပန်ဖို့ ဝန်လေးမနေနဲ့.. ဘယ်သူက ခင်ဗျားကို ဆေးထိုးလိုက်လဲတော့ မသိဘူး.. ဒီလောကထဲမှာ အရာရာကို ဂရုစိုက်ပြီးနေရမယ်.. မဟုတ်ရင် ကိုယ်ကကျူး ကိုယ့်ဒူးတောင် ယုံရတာမဟုတ်ဘူး.."

ထို့နောက်တွင်တော့ လူမိုက်အဖွဲ့က ဖဲပြန်ကစားနေသည်။ သူတို့က ယွမ် ၆သိန်း ဆုံးရှုံးသွားသည့်အပေါ် မည်သည့်ခံစားချက်မှ မရှိချေ။ သူတို့က ထိုငွေကိုမက်မော၍ ထိုအလုပ်ကို လက်ခံလိုက်မည်ဆိုလျှင် ထိုငွေများ မသုံးရသေးမီပင် ဘဝတစ်ပါး ကူးပြောင်းသွားနိုင်၏။

လူအိုကြီးယွမ်ကတော့ ဖုန်းကိုင်၍ မတ်တပ်ရပ်ရင်း ခါးသက်သက် ပြုံးလိုက်မိသည်။ တစ်ဖက်တွင်တော့ ဆေးရုံပေါ်မှ အောင်းလီတစ်ယောက် ဒေါသူပုန်ထနေခဲ့သည်။ သူက မအေနှင့်ကိုင်တုတ်၍ အဆဲခံရုံမျှမက တစ်ဖက်ကလည်း ပြောချင်ရာပြောပြီး ဖုန်းချသွားသည် မဟုတ်ပါလား..။

"ဒီသူတောင်းစားကြီးကတော့ ဟူး.. ကြည့်ရတာ ငါတော့ ရှုချန်းကို ဘာမှမလုပ်နိုင်တော့ဘူး ထင်တယ်.. အဲ့ဒါဆိုရင်လည်း ဟိုခွေးမကိုပဲ ပစ်မှတ်ပြောင်းပြီး သတ်ပစ်မယ်.."

အောင်းလီက ရန်ရှန်း ကို ကြည့်ကာ ပြောလိုက်သည်။

"မင်းလည်း မင်းမိတ်ဆွေဟောင်းတွေကို.. အင်ပါယာဖျော်ဖြေရေးကုမ္ပဏီနဲ့ ပတ်သက်တဲ့ အလုပ်တွေအားလုံး ရပ်ထားဖို့ ပြောလိုက် ... ငါလည်း သတင်းအချက်အလက်နဲ့ ပြန်ကြားရေးဝန်ကြီးဌာန ရုပ်ရှင်နယ်ပယ်ထဲက ငါ့မိတ်ဆွေတွေကို ဖုန်းဆက်ပြီး ဒီလင်ချူရွယ်ကို ရုပ်ရှင်လောကထဲက ထုတ်လို့ရမရ ပြောကြည့်မယ်.. ဒီခွေးမ ငါ့ကို ဒီလိုပုံစံမျိုး စကားပြောသွားတာ နောင်တရစေရမယ်.. သူက စစ်သားတစ်ယောက်ကို သိရုံနဲ့ ဘာမဆိုလုပ်လို့ရမယ်များ ထင်နေလား.. အဲ့ကောင်မကို မကျေနပ်တဲ့ သခင်လေးတွေ အားလုံးကိုလည်း ငါသွားမြှောက်ပေးလိုက်ဦးမယ်.. အဲ့ကောင်မက နောက်ခံကောင်းကောင်းရှိလို့ လူတိုင်းကို အထင်သေးနေတယ်လို့ ထင်ခဲ့တာ.. ဒါပေမယ့် အခုတော့ သူ့နောက်ခံက စစ်သားတစ်ယောက်တည်း.."

နတ်နဂါးစစ်သည်Where stories live. Discover now