အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )

74 9 0
                                    

နတ်နဂါးစစ်သည်

အပိုင်း ၂၆၈

( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )

ရန်သူများမှာ ကျည်ဆန်ကုန်လုနီးပါး ဖြစ်နေမှန်း သတိထားမိသည်နှင့် ရှုချန်းထံ ပြေးဝင်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။ ရှုချန်းကလည်း သာသာယာယာပင် ဒိုင်းကာပြားအား အမြှောက်ဆံ တစ်ခုအလား ရန်သူများထံ ပစ်ပေါက်လိုက်၏။

ရှုချန်း၏ ကြောက်မက်ဖွယ် ခွန်အားကြောင့် သံပြားကြီးမှာ တခဏအတွင်း လက်ကျန် ဆိုနာရာမိသားစုဝင် ၁၀ ယောက်ထံသို့ ပန်းကန်ပြားပျံ တစ်ချပ်အလား ပျံသန်းသွားလေတော့၏။

ညနက်နေပြီ ဖြစ်သည့်အပြင် စံအိမ်တော်ကြီး တစ်ခုလုံး၏ မီးအလင်းရောင်မှာ သိသိသာသာ လင်းလက်မနေဘဲ မှေးမှိန်ဖျော့တော့နေ၏။ ထို့ကြောင့် ဆိုနိုရာမိသားစုဝင် ၁၀ ဦးမှာ သူတို့ထံ မည်ကဲ့သို့သော အန္တရာယ်မျိုး ပျံသန်းဝင်ရောက်လာမှန်း အသေအချာ မမြင်ရဘဲ ရှိနေသည်။

သို့မဟုတ်လျှင်လည်း အတော်လှမ်းလှမ်း အကွာအဝေးမှ သံပြားကြီးတစ်ချပ်အား အမြှောက်ဆံကဲ့သို့ အဘယ်သူ ပစ်နိုင်ပါအံ့နည်းဟု မယုံနိုင်လောက်အောင် ခက်ခက်ခဲခဲ စဉ်းစားနေရနိုင်သည်။ သံပြားကြီးနှင့် ထိမိသော လူသုံးဦးမှာ သွေးတပွက်ပွက်အန်ရင်း မိုးပေါ် လွင့်တက်သွားကြလေ၏။

ရှုချန်းလည်း ထွက်ပြေးရန် ပြင်နေသော အစောင့် ၇ ယောက်ထံ အလျင်အမြန် ပြေးသွားလိုက်၏။

သူ၏ လှုပ်ရှားမှုများက ကြောင်တစ်ကောင်ကဲ့သို့ ပေါ့ပါးတိုးတိတ်၍ လျှင်မြန်သွက်လက်သည်။ သို့နှင့် အနားရောက်လာမှန်းပင် မသိလိုက်သော အစောင့် ၇ ဦး၏ လည်မြိုကို ချွန်မြမြ လက်အိတ်မှ ဆူးချွန်များဖြင့် လှီးဖြတ်ပေးလိုက်သည်။ ဆူးချွန်ဒဏ်မိသွားသူတိုင်း ရှိုက်ကြီးတငင် ငိုကြွေးအော်ဟစ်ပြီး မြေပေါ် လဲကျသွားကြလေ၏။

ရှေ့ဆုံးမှ ထွက်ပြေးသွားသော အစောင့်များမှာ သွေးပျက်ဖွယ် နာကျင်ညည်းတွားသံများကို ကြားလိုက်ရသည်နှင့် အသက်ရှင်သန်နိုင်ရေး တစ်ခုလုံး မှီခိုနေသည့်အလား နောက်ပင် လှည့်မကြည့်ဘဲ ခြေကုန်သုတ် ပြေးကြလေ၏။ သို့သော် ထိုလူများအားလုံး ရှုချန်း၏ ဖမ်းဆီးခြင်းကို ခံရပြန်သည်။

နတ်နဂါးစစ်သည်Where stories live. Discover now