အခန်း ၁၀၀+၁၀၁

107 11 0
                                    

နတ်နဂါးစစ်သည်
အပိုင်း ၁၀၀- အဖွဲ့သားမရှိတဲ့ ခေါင်းဆောင် ဆရာကြီးကို ဂုဏ်ပြုပါတယ်

ထိုအချိန်တွင် အဖွဲ့ ခုနှစ် ခေါင်းဆောင် ကြားဖြတ်ဝင်ပြောသည်။

“လူသစ်တွေကိုလည်း အခွင့်အရေးပေးသင့်တယ်လို့ ကျုပ်တော့ ထင်တယ်... အရင်တုန်းက အဖွဲ့ နှစ်ရဲ့ အခြေအနေကို လူတိုင်းသိတာ မှန်တယ်... ဒါပေမဲ့ ကျုပ်တို့မှာရှိတဲ့ အင်အားတွေ အလဟဿ ဖြုန်းတီးပစ်လို့ မဖြစ်ဘူးလေ... အခုက အဖွဲ့တိုင်းမှာ သူတို့ ဖြေရှင်းရမယ့် ပြဿနာ ကိုယ်စီရှိနေကြတယ်... ပြီးတော့ အဖွဲ့ငါး ကို အနောက်တံခါးဝ နဲ့ အရှေ့တံခါးဝ နှစ်ခုစလုံး တာဝန်ပေးလိုက်ရင် ကိစ္စတွေ အကုန် ရှုပ်ထွေးကုန်လိမ့်မယ်... သူတို့တွေကို အရှေ့တံခါးဝ အမှုမှာပဲ အာရုံစိုက်ခိုင်းလိုက်တာ အကောင်းဆုံးပဲ... “

ယန်ကျင်းက “ ကျွန်မအတွက် အနောက်တံခါးဝ အမှုကို ခဏ ဆိုင်းငံထားရတာ ပြဿနာ မရှိပါဘူး... ဒါပေမဲ့ အဖွဲ့နှစ်က ဘာလို့ လက်လွှဲယူရမှာလဲ... “

သူမသည် အနည်းငယ် ဒေါသထွက်သွားပြီး အခြားအဖွဲ့ခေါင်းဆောင်များကို စွေစောင်းကြည့်လိုက်သည်။ ထို အစီအစဉ်မှာ ရှုချန်းအဖို့ ထောင်ချောက်တစ်ခု ဖြစ်နေသည်ဟု ခံစားမိလေရာ ၊ သူ့အား ထို အန္တရာယ်တွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်သွားစေမည့် အဖြစ်မျိုးမှ ဟန့်တားနိုင်ရန် ကြိုးပမ်းနေလေ၏။

အဖွဲ့ သုံး ခေါင်းဆောင်က သူ၏ မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်း တစ်ချက် ပြုံးလိုက်ကာ “ တခြား အဖွဲ့တွေအားလုံး အလုပ်ရှုပ်နေကြတယ်... ကြည့်ရတာ အခုအချိန်မှာ ဒီကိစ္စကို တာဝန်ယူနိုင်တာ အဖွဲ့ နှစ်ပဲ ရှိတယ်လေ...”

ယန်ကျင်းက “ အဖွဲ့ နှစ်ရဲ့ အခြေအနေကို ရှင်တို့ အားလုံးလည်း သိနေတာပဲ... တခြား အဖွဲ့တွေထဲမှာ အယောက် နှစ်ဆယ်ထက်နည်းတဲ့ အဖွဲ့ရှိရင် ကျွန်မကို ပြစမ်းပါ... တချို့တွေဆို အဖွဲ့ဝင် ၄၀ လောက်တောင် ရှိမယ် ထင်တယ်... လိုအပ်ရင် လိုအပ်သလို အထူးရဲတပ်ဖွဲ့တွေနဲ့တောင် ပူးပေါင်းနိုင်တဲ့ အဲ့လို အဖွဲ့တွေကို ဖယ်ပြီး ဆယ်ယောက်ပဲရှိတဲ့ အဖွဲ့ နှစ်ကို တာဝန်ယူခိုင်းတယ်ဆိုတာ ဘယ်လိုမှ အဓိပ္ပါယ် မရှိဘူးလေ... အနောက်တံခါးဝရဲ့ လွှမ်းမိုးနိုင်စွမ်းက ဘယ်လောက်တောင် ကြီးလဲဆိုတာ ရှင်တို့အားလုံး မသိတာလည်း မဟုတ်ဘူး... သူတို့ရဲ့ ငွေကြေးခဝါချတဲ့ ကိစ္စကို စုံစမ်းဖို့ လူဆယ်ယောက်ကို တာဝန်ပေးမယ်ဆိုတဲ့ ကိစ္စက တကယ့် ဟာသပဲ... “

နတ်နဂါးစစ်သည်Where stories live. Discover now