71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)

124 16 0
                                    

နတ်နဂါးစစ်သည်
အခန်း ၇၁
( သူ ငါ့ရည်းစား ဖြစ်လာစေရမယ် )

သခင်ကြီးရန် ပင်ပန်းစပြုလာလေပြီ။ သူ့တကိုယ်လုံးလည်း ချွေးများ ရွှဲရွှဲစိုနေ၏။ သို့သော် ယခုချိန်အထိ မမောမပန်း ရှိနေသည့် ရှုချန်းကို ကြည့်လိုက်က "ဒီစင်က အရမ်းကြီးတော့ ရှောင်တိမ်းဖို့လွယ်တာပေါ့... မင်းသေရမှာ ကြောက်နေတယ်လို့ ငါထင်တယ်... တိုက်ခိုက်ဖို့ အနားမကပ်ရဲဘူး မဟုတ်လား... ကြောက်ရင်လည်း ဘာဖြစ်လို့ ဒီပွဲကိုလက်ခံခဲ့သေးလဲ..."

ပရိသတ်များအတွင်းမှ မြောက်ပိုင်းတံခါးဝ ဂိုဏ်းသားများလည်း မတ်တပ်ထရပ်ကာ
"ဘယ်လို လူယုတ်မာလဲ... ဘာလို့ရှောင်နေတာလဲ... လိပ်လိုမျိုး အခွံထဲမှာပဲ ပုန်းမနေနဲ့... သတ္တိရှိရင် ပြန်ထိုးလေ သောက်ကြောက်ကောင်..."

"ဟုတ်တယ်... သခင်ကြီးရန် သတ်မှာကို ကြောက်နေတာ... ရှောင်ပဲရှောင်နေတယ်... ပြန်ပြီး မတိုက်ရဲဘူး..."

သခင်ကြီးရန်လည်း ရှုချန်းအား ပြုံးကာ ကြည့်လိုက်ပြီး "ပြောနေတဲ့အသံတွေ ကြားလား... ငါသာ အဲဒီလိုမျိုး အပြောခံရရင် မဟုတ်ဘူးဆိုတာ သက်သေပြလိုက်မှာ..."

ရှုချန်းသည် စိတ်ဆိုးခြင်း အလျဉ်းမရှိချေ။

"ကျုပ် သက်သေပြပြီးပြီ မဟုတ်ဘူးလား... ခင်ဗျားရဲ့တိုက်ခိုက်မှုကို အချိန်အကြာကြီး မထိခိုက်ဘဲ ရှောင်တိမ်းနိုင်တဲ့သူ ဘယ်နှယောက်ရှိလို့လဲ... ကျုပ်ရဲ့တုံ့ပြန်တဲ့ပုံတွေ ရှောင်တိမ်းတဲ့ပုံတွေ အကုန်လုံးက ကျုပ်ရဲ့ အစွမ်းအစကို သက်သေပြပြီးသားပါ..."

"ဘာ... ဒီလိုပုံစံမျိုးနဲ့ နိုင်ဖို့တွေးထားတာလား..."

သခင်ကြီးရန်က အထင်အမြင်သေးစွာ ပြောလိုက်သည်။

ရှုချန်းလည်း အသာပြုံးလိုက်ကာ "ဒီလိုတော့ ဘယ်ဟုတ်မလဲ... ခင်ဗျား အတတ်နိုင်ဆုံး တိုက်ခိုက်ပါ... ကျုပ်ကို အရမ်းထိုးချင်နေတယ်မလား..."

"မင်း နိုင်မယ်လို့ ထင်နေတာလား... အရင်တုန်းကလည်း ငါ လူတော်တော်များများနဲ့ ထိုးဖူးတယ်... ဘယ်သူအသက်ရှင်ကျန်ခဲ့လဲ သိလား... အခု ဒီနေရာမှာ မတ်တပ်ရပ်နေတဲ့ ငါပဲ အသက်ရှင်ခဲ့တာ..."

နတ်နဂါးစစ်သည်Where stories live. Discover now