အခန်း ၂၀၉+၂၁၀(ပစ်ချက် )

80 5 0
                                    

နတ်နဂါးစစ်သည်

အခန်း ၂၀၉

(ပစ်ချက် )

ထိုစနိုက်ပါပစ်ခတ်မှုသည် နွေခေါင်‌‌ခေါင်တွင် မိုးကြိုးပစ်ချသကဲ့သို့ ဖြစ်သွား၏။ အနီးတစ်ဝိုက်ရှိ လူများအားလုံး ထိတ်လန့်ရုံသာမက စောင့်ကြည့်ရေးစင်တာမှ ညွှန်ကြားရေးမှူးများပင်လျှင် ထိတ်လန့်သွားကြ၏။ ဖန်သားပြင်ထက်တွင် ချုံပုတ်တစ်ခုအတွင်းမှ ရှုချန်းက စနိုက်ပါတစ်လက်ကို အသုံးပြုကာ တစ်စုံတစ်ဦး၏ ခေါင်းကို ပစ်လိုက်ပြီးနောက် ကျည်အသစ် ထပ်ဖြည့်ကာ အခြားစစ်သားတစ်ဦး၏ ဦးခေါင်းကို ထပ်ပစ်ပြန်သည်။

"မှန်ဘီလူးမပါဘဲ ပစ်နေတာပဲ..."

ညွှန်ကြားရေးမှူးများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။

ဟုတ်ပေသည်။ ရှုချန်းသည် မှန်ဘီလူးကိုပင် အသုံးမပြုဘဲ အမြင်အာရုံသီးသန့်သာ အသုံးပြု၍ ပြိုင်ဘက် နှစ်ဦး၏ ဦးခေါင်းကို ဆက်တိုက်ပစ်ပြလိုက်၏။ လီဝေ နှင့်အခြားသူများက ရှုချန်းကို သတိပြုမိသည့်အတွက် ချက်ချင်း ပြန်လည် ပစ်ခတ်ကြ၏။ သို့သော် ရှုချန်းသည် လုံးဝမရှောင်တိမ်းဘဲ ကိုယ်ကို တွန့်ရုံ အနည်းငယ်သာ လှုပ်ရှားနေ၏။

ဟုတ်ပေသည်။ ရှုချန်းသည် ကျည်ဆန်များကို ရှောင်တိမ်းရန် မြေပြင်ပေါ်တွင် လှည့်ပတ် လူးလိမ့်နေခြင်းမျိုး မဟုတ်ဘဲ ခန္ဓာကိုယ် အစိတ်အပိုင်းများကို အနည်းငယ်မျှ အသာအယာ လှုပ်ရှား ရှောင်တိမ်းနေ၏။

လီဝေ ကျည်ဆန်တစ်ချက် ပစ်လိုက်သည့်အချိန်တွင် ရှုချန်းက ထိုကျည်ဆန်၏ အရှိန်နှင့် လမ်းကြောင်းကို ကြိုတင်တွက်ဆခန့်မှန်းကာ အသာအယာ ရှောင်တိမ်းလိုက်၏။ ရှောင်တိမ်းပြီးပြီးချင်း စနိုက်ပါဖြင့် စစ်ဒေသ ၂၈ မှ စစ်သားတစ်ဦးကို ထပ်မံပစ်ခတ်လိုက်ပြန်သည်။

ဒိုင်း...

အခြားတစ်ဦး၏ ဦးခေါင်းကို ထိမှန်သွားပြန်သည်။

စက္ကန့်ပိုင်းအတွင်း၌ လူသုံးယောက် မြေပြင်ပေါ်သို့ လဲကျသွား၏။

ထိုင်နေရာသည့် ညွှန်ကြားရေးမှူး အများအပြား ရုတ်တရက် ထလာကာ ရှုချန်း၏ သေနတ်ပစ်ခတ်ပုံကို အံ့ဩတကြီး ကြည့်ရှုနေကြ၏။ သေနတ်ဖြင့် ပစ်ခတ်နေစဉ်တွင် သူ့အား မထိခိုက်ရန် အသာအယာ ရှောင်တိမ်းနေပုံကိုလည်း အံ့အားသင့်နေကြ၏။

နတ်နဂါးစစ်သည်Where stories live. Discover now