အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )

114 14 0
                                    

နတ်နဂါးစစ်သည်
အပိုင်း ၅၁
( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )

ရှုချန်းသည် လူမိုက်ကို လွှတ်ပေးလိုက်ကာ " ငါမေးတာကိုဖြေ... မင်းတို့ လုပ်ရဲရင် ဝန်ခံရဲရမယ်... ငါ့ လုပ်ဖော်ကိုင်ဖက်ကို ဘယ်ကောင် ရိုက်သွားတာလဲ... "

" မသိဘူး... "

" မသိဘူး ဟုတ်လား... ရော့ကွာ..."

အမျိုးသားမှာ လဲကျသွား၏။ သူ၏ တပည့် ငါးယောက်က ရှုချန်းကို ဝိုင်းထားလိုက်ကြသည်။

" ဘာလုပ်တာလဲ... မင်းက ငါတို့ ဆရာကို ရိုက်ရဲတယ်ပေါ့... "

ရှုချန်းသည် ထိုသူ ငါးဦးကိုပါ ပါးရိုက်ပစ်လိုက်၏။ ငါးဦးလုံး ခွေကျသွားသည်။

ရှုချန်းသည် နားကွင်းနဲ့ လူအား ကော်လံမှာ ဆွဲကိုင်လိုက်ကာ " ငါ ထပ်မေးမယ်... ငါ့ သူငယ်ချင်းကို ဘယ်ကောင် ရိုက်တာလဲ... "

" -ီးပဲ မသိဘူး... "

ဖျောင်း...

ရှုချန်း၏ အားပါလှသော ရိုက်ချက်ကြောင့် ထိုသူ၏ သွားနှစ်ချောင်း ကျွတ်ထွက်သွားကာ လမ်းပေါ်သို့ ခွေကနဲ လဲကျသွား၏။

ထိုအချိန်တွင် ကလပ်များ အတွင်းမှ လူ နှစ်ဒါဇင်ခန့်သည် ရဲကားကို တွေ့၍ ချက်ချင်းထွက်လာသည်။

" မင်း ဘာလာလုပ်တာလဲ... "

"မင်းတို့ မြောက်ပိုင်းတံခါးဝက ကောင်တွေ ရိုက်လို့ ငါ့ သူငယ်ချင်း ဆေးရုံပေါ် ရောက်နေတယ်... "

" အဲဒီတော့ ဘာဖြစ်လဲ... အခုချိန်မှာ မင်းက ငါတို့ ပိုင်နက်ထဲလာပြီး ရန်စတာပဲ... အသက်ဆက်မရှင်ချင်တော့ပုံပဲ... "

" ကောင်းပြီလေ... ဒီနေ့ပဲ အပြတ်ရှင်းရအောင်... လုပ်တဲ့ကောင် ထွက်ခဲ့... "

ထိုအချိန်တွင် မုတ်ဆိတ်ကျင်စွယ် အနည်းငယ်ရှိကာ ထိပ်ပြောင်ပြောင်နှင့် အမျိုးသား တဦး လူအုပ်ထဲမှ ထွက်လာသည်။

" တစ်အချက်... မင်းက ဆရာ ယွန် ကို စော်ကားတယ်... ပေါင် က တားပေမဲ့ သူ့ကိုပါ မင်း ရိုက်လိုက်တယ်... နှစ်အချက်... အနောက်ပိုင်း တံခါးဝ ကာစီနိုမှာ ဖြစ်ခဲ့တဲ့ ပြသနာ.... အခုထိ ဆရာ ချင် ဆေးရုံ မဆင်းရသေးဘူး... အနောက်ပိုင်း တံခါးဝရဲ့ နာမည်လည်း ထိခိုက်ခဲ့ရတယ်... မင်းသာ ရဲအရာရှိ မဟုတ်ရင် ဒီ နှစ်ချက်တည်းနဲ့ မင်းကို နောက်ဘဝ ပို့ပေးလိုက်ပြီ... "

နတ်နဂါးစစ်သည်Where stories live. Discover now