108+109

107 9 0
                                    

နတ်နဂါးစစ်သည်
အခန်း  ၁၀၈
( ကမ္ဘာ့အဆင့် ပိုကာပြိုင်ပွဲ )

တစ်ပတ်အကြာတွင် အနောက်တံခါးဝဂိုဏ်း လက်အောက်မှ ကာစီနိုငါးခုတွင် ကမ္ဘာ့အဆင့် ပိုကာပြိုင်ပွဲ ပူးတွဲ ကျင်းပခဲ့ကြသည်။

ဆုကြေးငွေမှာ ဒေါ်လာ ၁၀ သန်း ဖြစ်၍ ဤပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ရန် ကမ္ဘာတဝှမ်းမှ ဖဲပညာရှင်များကို ဆွဲဆောင်နိုင်လေသည်။ ထိုပွဲကို အနောက်တံခါးဝဂိုဏ်း၏ အကြီးဆုံး ကာစီနိုတွင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပ၏။ ထို့ကြောင့် ကာစီနို အနီးအပါး တဝိုက်နှင့် မြေအောက်ကားပါကင်များတွင် နံနက်စောစောကတည်းက ဇိမ်ခံကားများ၊ လူများဖြင့် စည်ကား ရှုပ်ထွေးနေခဲ့သည်။ ကာစီနိုအပြင်ဘက်ရှိ ဆိုင်တစ်ခုတွင် ရှုချန်း မနက်စာ စားနေ၏။ လူများ ရှုပ်ထွေးနေသည့် ကာစီနိုအဝင်ဝကို ဘာမှမပြောပဲ သူ ငေးကြည့်နေသည်။

တစ်ဖက်တွင်တော့ လီချောင်ခမျာ နိုင်ငံခြားသား တစ်ဦး ဝင်လာသည်နှင့် ဖိုင်ကိုဖွင့်ပြီး ပြောလာသည်။
“ ဒါက လက်ဗီးစ်ဂတ်က နာမည်ကြီး လောင်းကစားသမား လိုင်ကန် ပါ… သူက ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေနဲ့ ချန်ပီယံရှစ် ပြိုင်ပွဲတွေကို မကြာခဏ သွားတတ်တယ်… အခုဆို သူက လက်ဗီးစ်ဂတ်ရဲ့ အကြီးဆုံး ကာစီနိုတွေထဲက တစ်ခုက အလုပ်ခန့်ထားတဲ့ ကျွမ်းကျင်ပညာရှင် တစ်ယောက် ဖြစ်နေပြီ… “

“ ဒီလူက ကမ္ဘာ့ထိပ်တန်း လောင်းကစားနတ်ဘုရား ငါးယောက်ထဲ တစ်ယောက် ဖြစ်တဲ့ မိုက်ခ်… “

“ ဂျက်ဆန်… ကမ္ဘာကျော် အန်စာတုံး ဆရာကြီး… “

“ ချန်းရဲ့ ကျန်းရီ… ဝေ့နိုင်ငံ ရဲ့ မျိုးဆက်သစ် လောင်းကစား နတ်ဘုရား.. “

ဤကဲ့သို့ နိုင်ငံခြားသား တစ်ဦးဝင်လာတိုင်း လီချောင်ပြောပြသော နာမည်နှင့် နောက်ခံအကြောင်းများကို အခြားအဖွဲ့ဝင်များ အားလုံး လွန်စွာ စိတ်ဝင်စားနေကြသည်။

ဝူကန်း  အံအားသင့်သွားသည်။
“အိုးဟိုး.. သူတို့က အကူအညီရဖို့ ပညာရှင်တွေ အများကြီး ဖိတ်ထားတာလား… ဒါကို ကြည့်ရင် ငွေကြေးခဝါချမှု လုပ်ငန်း ပမာဏက အတော်ကြီးလာတာပဲ… အနောက်တံခါးဝ ဂိုဏ်းကလည်း မှားနိုင်ချေ ရှိတဲ့ ကိစ္စတွေကို အတော် ကြောက်နေတာပဲ.. နည်းနည်းပါးပါးတောင် အတိမ်းအစောင်းခံမှာ မဟုတ်ဘူး… “

နတ်နဂါးစစ်သည်Where stories live. Discover now