အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )

106 8 3
                                    

နတ်နဂါးစစ်သည်

အခန်း ၂၉၉

( လျှိုထားမယ်.... )

ထောင့်ဂျက် ၏ အိမ်၌ ...

နဂါးဓား အဖွဲ့မှ ညီအစ်ကို လေးယောက် စလုံး စားပွဲကို ပတ်၍ ဝိုင်းဖွဲ့ ထိုင်နေကြသည်။

"ကာလန်း လား... "

ထောင့်ရှစ် က မျက်မှောင်ကြုံ့လိုက်သည်။

"မင်းပြောတာက သူက မင်းကို လာရှာတာလား... "

ရှုချန်း ခေါင်းညိတ်လိုက်သည်။

"ငါ့ ယောက္ခမတွေက သူ့အကြောင်း သိပ်မသိဘူး... မင်းတို့တွေက သတင်းစုံတော့.. သူ့အကြောင်း သိမလားလို့... "

ထောင့်ဂျက် က အခြားသူများ အတွက် လက်ဖက်ရည် ငှဲ့ပေးနေရင်း ပြောသည်။

"ဒီကောင်က တက်ကြွလှုပ်ရှားသူပဲ... သူက အရင်တုန်းက သာမန် ပြည်သူပဲ... ဒါပေမဲ့ ကိုယ်ခံပညာ နယ်ပယ်မှာ သူလုပ်ခဲ့တာတွေ တော်တော်များတော့ မျိုးရိုးမြင့် ရာထူး ရသွားတယ်လေ... အဲ့ကတည်းက မျိုးရိုးမြင့် တစ်ယောက် ဆိုပြီး မြောက်ကြွ မြောက်ကြွ ဖြစ်နေတော့တာပဲ... ဒီကောင်က တကယ် မောက်မာတဲ့ကောင်ူ.... ဒါပေမဲ့ အစွမ်းအစလည်း ရှိတယ် လျော့တွက် မရဘူး... အဆင့်နဲ့ ပြောရမယ်ဆို... ဒီကောင်က အဆင့် A လို့ ထင်တာပဲ... "

ထောင့်ရှစ် ကလည်း ရှုချန်းကို ပြောလာ၏။

"ကြည့်... မျိုးရိုးမြင့်တွေကို သွားမထိပါနဲ့လို့ ငါမင်းကို အစတည်းက မပြောဘူးလား... အခုကြည့်.... မင်းကို သောက်ခွက် ရိုက်မဲ့ကောင် ထွက်လာပြီ... မင်းသူ့ကို ဘယ်လို တိုက်မလို့လဲ... ငါ အဲ့လူကို အရင်ကတည်းက စိတ်ဝင်စားလို့ သူ့နောက် လိုက်နေတာ... သတင်းလေး ဘာလေး ရလို ရငြားပေါ့... ဒါပေမဲ့ ဒီလူက ငါ့ကို သတိထားမိသွားတယ်လေ... ဒီအချက် တစ်ခုတည်းကတင် ဒီလူ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ သိဖို့ လုံလောက်တယ်... "

ရှုချန်း ရယ်ရခက် ငိုရခက် ခံစားလိုက်ရသည်။

"သေလိုက်ပါတော့... အကုန်လုံးက ကျုပ်ကို ဆုံးမဖို့ စောင့်နေတဲ့ သူတွေချည်းပါပဲလား... ကျုပ်မှာ စကားပြောခွင့်ကို မရဘူး... "

နတ်နဂါးစစ်သည်Where stories live. Discover now