အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )

69 8 0
                                    


နတ်နဂါးစစ်သည်

အခန်း ၁၃၉

( အဲဒီ ရှုချန်း အစစ်ပဲ... )

ရှန်ယောင်ပေးခဲ့သော လိပ်စာအတိုင်း ယန်ကျင်း လိုက်လာရာ ရှန်မိသားစု၏ ဗီလာကို ရှာတွေ့ခဲ့သည်။ အိမ်အကူက ယန်ကျင်း၏ အမည်ကို မေးလိုက်ပြီးနောက် တံခါးဖွင့်ပေးလိုက်၏။ ခြံတွင်းသို့ ကားမောင်းဝင်လိုက်ရာ ရှန်မိသားစုဗီလာမှာ အဘယ်မျှ ခမ်းနားလှပကြောင်းကို ယန်ကျင်း တွေ့လိုက်ရ၏။

"ကျွတ် ကျွတ်... ဒီလောက် ချမ်းသာတဲ့ အမွေဆက်ခံသူဘဝကို ဘာလို့များ ချန်ထားရစ်ခဲ့ရတာလဲ..."

အထဲသို့ ဝင်သွားသောအခါ ဧည့်ခန်းဆိုဖာပေါ်တွင် ထိုင်နေသော ရှန်ဝမ်ဆန်း ကို တွေ့လိုက်ရ၏။ ရှုချန်းသာ ရှန်ဝမ်ဆန်း ကို မသိသော်လည်း ယန်ကျင်းမှာမူ ထိုကဲ့သို့သော နာမည်ကြီးပုဂ္ဂိုလ်တစ်ဦးကို သိပေသည်။ ထို့ကြောင့် အနီးသို့လျှောက်လာကာ.... "မင်္ဂလာပါ ဥက္ကဌရှန်..." ဟု နှုတ်ဆက်လိုက်၏။

"သမီးကရော..."

"သမီးက ရှန်ယောင်ရဲ့ သူငယ်ချင်းပါ..."

ယန်ကျင်းက ပြောပြောဆိုဆိုဖြင့် သူမ၏ လိပ်စာကတ်ကို ထုတ်ပေးလိုက်၏။ ယန်ကျင်း၏ အလုပ်ကို မြင်လိုက်ရသည့်အခါ ရှန်ဝမ်ဆန်း ၏ မျက်လုံးများတွင် အံ့ဩမှု အရိပ်အယောင်တို့ လင်းလက်သွား၏။ သူ၏ သမီးသည် အဆင့်အတန်းတူ အမွေဆက်ခံမည့် ချမ်းသာကြွယ်ဝသူများနှင့် အပေါင်းအသင်းမလုပ်ဘဲ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင်နှင့် သူငယ်ချင်း ဖြစ်နေခဲ့သည့်အတွက် အနည်းငယ် အံ့ဩမိသွားသည်။

"သမီးက ရှန်ယောင်ရဲ့ သူငယ်ချင်းဆိုတော့ ဦးလေးကို ဦးလေးရှန်လို့ပဲခေါ်ပါ... ဦးလေးလည်း သမီးကို ကျင်းလေးလို့ပဲ ခေါ်မယ်လေ... ရတယ်မလား..."

ရှန်ဝမ်ဆန်း ပြုံးကာ ပြောလိုက်သည်။

(နာမည်တွင် 'လေး' ထည့်၍ ခေါ်ခြင်းမှာ အငယ်ဖြစ်သူများကို တရင်းတနှီးခေါ်သည့်ပုံစံဖြစ်၏။)

"ရပါတယ်ရှင့်... သမီးမိဘတွေလည်း အဲဒီလိုပဲ ခေါ်ကြတယ်..."

ယန်ကျင်းက ယဉ်ကျေးစွာ ဖြေလိုက်၏။

နတ်နဂါးစစ်သည်Where stories live. Discover now