၁၇၂( တစ်ကိုယ်တော် အစွမ်း )

58 3 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၇၂

( တစ်ကိုယ်တော် အစွမ်း )

နေ့တစ်ဝက်ခန့် ကုန်ဆုံးသွား၏။ ညနေလေးနာရီခန့်တွင် ရှုချန်း အပါအဝင် စီနီယာစစ်သား ၁၆ ဦးသည် ထရပ်ကားပေါ်မှ ဆင်းကာ တောတွင်းသို့ စတင်ဝင်ရောက်ခဲ့ကြ၏။

ဝေ့ယွမ် က သူ့မျက်နှာအား ရွှံ့နွံများဖြင့် သုတ်နေစဉ်တွင် အခြားသော စီနီယာစစ်သားများက သစ်ရွက်သစ်ခက်များဖြင့် ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးနေကြ၏။ စစ်သားအချို့က ဘီစကွတ်များ ထုတ်စားနေကြ၏။ ရှုချန်းအား စားမလားဟု လက်ဟန်ခြေဟန် ပြကြသည်။

သို့သော် ရှုချန်း ခေါင်းခါလိုက်သည်။

ဝေ့ယွမ် က ...

"ရှုချန်း... မင်းက ခေါင်းဆောင်ဖြစ်ပြီ... မင်း ဘယ်လိုလုပ်ချင်လဲ..."

ရှုချန်းက သစ်ပင်ကိုမှီကာ အေးအေးလူလူနေ၏။ ခေါင်းဆောင်ဆိုသော ရာထူးကို သူ စိတ်မဝင်စားချေ။

"တို့ဟူးပူပူကို ဘယ်သူမှ မြန်မြန်မစားနိုင်ဘူး... ဟူပင်း က သွေးဆူနေတော့ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ငါတို့ရှေ့မှာ ပြချင်လိမ့်မယ်... ဒါ့ကြောင့် သူအဖွဲ့ကနေ ခွဲထွက်ပြီး တစ်ယောက်တည်း တိုက်ခိုက်လိမ့်မယ်... ဒါ့ကြောင့် ကျန်တဲ့ သူ့အဖွဲ့ကို ငါတို့ကြောက်နေစရာမလိုဘူး... ငါတို့ ပိုအခွင့်အရေးရလိမ့်မယ်..."

ဝေ့ယွမ် က ...

"ရှုချန်း... မင်း အရင်တုန်းကလို ဉာဏ်ကောင်းနေတုန်းပဲ... ဟား ဟား... ဒီကောင်လေးက သူတစ်ယောက်တည်း ချီးကျူးခံချင်နေတာ... တစ်ယောက်တည်း အစွမ်းပြပြီး သူဘယ်လောက်သန်မာလဲ ငါတို့ကို မြင်စေချင်ပုံပဲ..."

ရှုချန်းက ...

"ဒါလည်း မမှားပါဘူး... စစ်သားတစ်ယောက်က တစ်ကိုယ်တော် အစွမ်းပြပြီး ထိပ်တန်းစစ်သည် တစ်ယောက်ဆိုတာ သက်သေပြနိုင်တယ်လေ... တကယ်လို့ ၁၀ ယောက် တစ်ယောက် တိုက်ခိုက်တဲ့နေရာမှာ နိုင်ခဲ့တဲ့အထိ အစွမ်းထက်ရင်တော့ သူ့အဖွဲ့ကို အကူအညီပေးနိုင်မှာပါ..."

လောင်ရှုဟန် ဆိုသူက ...

"ရှုချန်း... မင်း ဒဏ်ရာရပြီးတဲ့နောက်မှာ ငါတို့လောက်တောင် မသန်မာတော့ဘူးလား..."

နတ်နဂါးစစ်သည်Where stories live. Discover now