၁၆၈( ကတိ )

58 4 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၆၈

( ကတိ )

စာကို ဖတ်ပြီးနောက် ခပ်ဝေးဝေးရှိ ကောင်းကင်ယံတွင် ပျံသန်းသွားသော လေယာဉ်ပျံကို ကြည့်ကာ ရှုချန်း သက်ပြင်းတချက်ချလိုက်၏။

နှစ်ရက်အကြာတွင် လင်ချူရွှယ်၏ ကုမ္ပဏီသို့ လင်လဲ့ရောက်သွား၏။

ရိုက်ကွင်းရှိရာသို့ ရောက်လာသော လင်ချူရွှယ်က လင်လဲ့ကို တွေ့လိုက်သည့်အခါ...

"နင် ဘာလို့ ဒီကိုရောက်လာတာလဲ... ရှုချန်းနဲ့ အတူနေဖို့ ငါပြောထားတယ် မဟုတ်ဘူးလား..."

"ယောက်ဖက စစ်တပ်ထဲ ပြန်တော့မယ်ဆိုတော့ ငါ နင်နဲ့အတူ ပြန်လာနေမယ်လေ..."

လင်လဲ့ ပြုံးကာပြောလိုက်၏။

လင်ချူရွှယ် မျက်နှာအနည်းငယ် ပြောင်းလဲသွားသည်။

"သူသွားပြီလား..."

"ဟုတ်တယ်... အခုပဲ အထုတ်အပိုးတွေ ပြင်နေပြီ..."

ထို့ကြောင့် လင်ချူရွှယ်လည်း ကုမ္ပဏီထဲမှ ချက်ချင်းပြေးထွက်သွား၏။ ထိုသို့ ပြေးထွက်သွားသည့်အတွက် သူမ၏ လက်ထောက်က ထိတ်လန့်တကြားဖြင့်...

"အစ်မချူရွယ်... ဘယ်သွားမလို့လဲ...."

"ငါ့ရိုက်ကူးရေးကို ရွေ့လိုက်... ငါ ဒီနေ့ တစ်နေ့လုံး သွားစရာရှိတယ်..."

လင်ချူရွှယ် တစ်ယောက် အလောတကြီး ပြေးသွားပုံမှာ လှေကားထစ်များအား ဒေါက်ဖိနပ် စီးလျက်ဖြင့် မြန်မြန် ပြေးဆင်းသွားသည်အထိပင်။

"အစ်မ ငါ့ကိုလည်း စောင့်ဦး..."

လင်လဲ့လည်း နောက်မှလိုက်ပါသွားသည်။ သို့သော် လင်ချူရွှယ်က သူ့ကို မစောင့်ချေ။ လင်ချူရွှယ်က ကားပါကင်ဆီသို့ အမြန်သွားကာ ကားထဲသို့ဝင်ပြီး ရှုချန်း၏ ကွန်ဒိုရှိရာသို့ အရှိန်ဖြင့် မောင်းထွက်သွား‌တော့သည်။

လွန်ခဲ့သည့် လေးနှစ်တာ ကာလလုံးလုံး ရှုချန်း စစ်တပ်ထဲတွင် ရှိနေစဉ်က သတင်း တစ်စုံတစ်ရာပင် မရခဲ့ချေ။ သို့သော် နောက်ဆုံးတွင် စစ်တပ်ထဲမှ ပြန်ထွက်လာခဲ့၏။ သို့သော် ယခုတဖန် ပြန်သွားတော့မည်လော။ အမှန်ပဲ သူတို့၏ အိမ်ထောင်ရေး ချစ်ခရီးလမ်းကို စွန့်လွှတ်ကာ ကံကြမ္မာစီမံရာအတိုင်း ပြုရတော့မည်လော။

နတ်နဂါးစစ်သည်Where stories live. Discover now