102+103

99 10 0
                                    

နတ်နဂါးစစ်သည်
အခန်း ၁၀၂
( အလှောင်ခံရခြင်း (အပိုင်း ၁)

ရုတ်တရက် “ဆရာ့ မိန်းမ” ဟု သမုတ်ခံလိုက်ရသော ရှန်ယောင်သည် ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ မှိန်ဖျော့ဖျော့ မာကျူရီ မီးရောက်အောက်တွင် သူမ၏ ပါးမို့လေးများ ရဲတက်သွားလေရာ၊ ၎င်းကို ရှုချန်းနှင့် အခြားသူတို့ မတွေ့လိုက်၍ ကံကောင်းသည်ဟု ဘုရားတနေမိ၏။

ထို့နောက် ချက်ချင်းပင် ဘီယာပုလင်းကို လှမ်းယူလိုက်ကာ ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။

ယန်ကျင်းက သူမ၏ အပြုအမူကို ကြည့်ကာ ရယ်မောလိုက်ပြီး...

"ဟဲ့ နင် ပုလင်းလိုက် မော့နေတာ မဟုတ်ဘူးလား... "

ယန်ကျင်း၏ စကားလည်း မမှားချေ။ ယခင်က ထိုကဲ့သို့ ယောကျ်ားဆန်ဆန် ပြုမူနေခဲ့သော်လည်း ယခု ဝိုင်းထဲတွင် သူစိမ်းယောကျ်ားလေးများပါ ရှိနေပြီ မဟုတ်လော။ ထို့အပြင် ရှုချန်း၏ မိန်းမဟု အခေါ်ခံလိုက်ရပြီး နောက်ပိုင်း၌ သူမ၏ အမူအရာများမှာ အိန္ဒြေသိက္ခာ အပြည့်ရှိသော အမျိုးသမီး တစ်ဦး အဖြစ် တမဟုတ်ချင်း ပြောင်းလဲသွားသည်။

ယန်ကျင်းသည် ကိုယ့်မျက်လုံးကိုယ်ပင် မယုံမကြည်နိုင် ဖြစ်ကာ အံ့အားသင့်သွားလေ၏။ ထိုစဉ် ရှန်ယောင်က ဘီယာပုလင်းကို လက်ကမ်းပေးလာသည်။

“နင်ပဲ ငါ့အစား သောက်လိုက်လေ… ”

ထို့နောက် ယန်ကျင်းက မျက်နှာရိပ်မျက်နှာကဲ ပြကာ ထထွက်ရန် ပြင်လိုက်သည်။ သို့သော် ရှန်ယောင်တစ်ယောက် နောက်မှ လိုက်မလာသည့်အတွက် သူမ၏ လက်ကို လှမ်းဆွဲလိုက်၏။

ရှန်ယောင် အနည်းငယ် စိတ်ရှုပ်သွားသည်။ ထိုကဲ့သို့ ရုတ်တရက် ထထွက်သွားရမည့် အကြောင်းပြချက်ကို အဖြေရှာမရခဲ့။

ရှုချန်းအဖို့ သူ၏ လုပ်ဖော်ကိုင်ဖက် အသစ်များနှင့် အလုပ်အကြောင်းပြောရန် ရှောင်ပေးသင့်ကြောင်း သဘောပေါက်သော်လည်း ထို ဝိုင်းမှ ထွက်သွားရန် တုံ့ဆိုင်းနေခဲ့လေသည်။

ဤအချိန်တွင် “ဆရာ့မိန်းမ” ဟူသော ဂုဏ်ပုဒ်နှင့်အညီ ရေလိုက်ငါးလိုက် နေလိုက်လျှင် ရှုချန်းနှင့် သူမတို့ နှစ်ဦးကြား ဆက်ဆံရေး ပို၍ တိုးတက်လာမည်လောဟူသော မျှော်လင့်ချက်များဖြင့်...

နတ်နဂါးစစ်သည်Where stories live. Discover now