အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )

60 4 0
                                    

နတ်နဂါးစစ်သည်

အပိုင်း ၂၆၆

( ငါ ဒီမြို့က မပြန်တော့ဘူး )

ရှုချန်းလည်း မှောင်ခိုဈေးကွက်၏ မိန်းလမ်းမကြီးဆီသို့ အရှိန်ပြင်းပြင်း မောင်းနှင်လာလိုက်၏။

သူ့ဦးနှောက်ကမူ လမ်းပေါ်မှ ဖြတ်သွားဖြတ်လာ ယာဉ်တစ်စင်းနှင့် တစ်စင်းကြား အကွာအဝေးနှင့် လမ်းကြောင်းများကို အတိကျဆုံး ဖြစ်အောင် တွက်ချက်ကြည့်နေသည်။ သူ ကားအရှိန်ကို ချိန်ညှိပြီး ရုတ်တရက် လမ်းကျဉ်းအပြင်သို့ မောင်းထွက်လိုက်၏။ သူ လမ်းမပေါ် ရောက်သည်နှင့် တစ်ပြိုင်နက် မီးပွိုင့်လည်း နီသွားလေသည်။ သူ ချိန်သားကိုက်ပင် မိန်းလမ်းမကြီး တစ်ဖက်သို့ ချိုးကွေ့လိုက်၏။

သို့သော် သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာသော ပစ်ကပ် ထရပ်ကား တစ်ချို့မှာ ကံမကောင်းကြချေ။ မီးပွိုင့်ကို ဖြတ်မောင်းသော ထရပ်ကားတစ်ချို့ တခြား ယာဉ်များနှင့် တိုက်မိကြ၏။ ကျန်ထရပ်ကားများမှာလည်း ကားတိုက်မှု မဖြစ်အောင် ဘရိတ်ကို အားကုန် ဆောင့်နင်းလိုက်ရလေသည်။

"အရှေ့တောင်ဘက်ကို မောင်းပြေးသွားပြီ"

ကားပေါ်မှ လူက မိုက်ကို ဆွဲယူပြီး အော်ပြောလိုက်သည်။

"ငါတို့ ညီအစ်ကိုတွေကို ဒီကောင် သတ်သွားတာ။ အဲဒီကောင် သေမှ ရမယ်။ တစ်ခြား မိသားစုဝင်တွေကိုလည်း အကြောင်းကြားလိုက်။ ဒီနေ့ည တစ်မြို့လုံးပိတ်ပြီး အဲဒီခွေးကို လိုက်ရှာမယ်။ မြို့ကိုပိတ်လို့ တခြားမိသားစုဝင်တွေ စီးပွားရေး ထိခိုက်နစ်နာသွားတာ ရှိရင် ငါတို့ ဆိုနိုရာ မိသားစုက ပြန်အလျော်ပေးမယ်လို့လည်း အသိပေးလိုက်။ ပြီးတော့ တစ်ခြား မိသားစုတွေအနေနဲ့ အဲဒီကောင်ကို မကူညီဖို့လည်း မျှော်လင့်တယ်လို့။ ဒီလိုမှမဟုတ်ရင်တော့ ငါတို့ ဆိုနိုရာမိသားစုနဲ့ ရန်သူတွေ ဖြစ်သွားလိမ့်မယ် ဆိုတာပါ အသိပေးခဲ့ ... ကြားလား"

ရှုချန်းမှာ အကြား၊ အမြင်၊ ဦးနှောက် စသည့် အာရုံများအပေါ် အပြည့်အဝ အာရုံစူးစိုက်ရင်း လမ်းကြောင်း အရပ်ရပ်သို့ အာထရာဆောနစ် လှိုင်းများ ထုတ်လွှင့်ထားလိုက်သည်။ ပြီးလျှင် သူ၏ ဖောက်ထွင်းမြင်နိုင်သော အမြင်အာရုံနှင့် ကားကို မောင်းနှင်နေလိုက်၏။ ရှုချန်းမှာ ၃ ကီလိုမီတာ ပတ်လည်မှ ကြီးကြီးမားမား အရာဝတ္ထုတိုင်း၏ လှုပ်ရှားမှု မှန်သမျှကို အာရုံခံမိနေသည်။

နတ်နဂါးစစ်သည်Where stories live. Discover now