အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )

112 13 1
                                    

နတ်နဂါးစစ်သည်
အခန်း ၉၃
(မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )

တင်မ်က တဲဗက်စ် လက်စဗီးဂတ်မှ ခေါ်လာသောသူ ဖြစ်သည်။ တင်မ်က တဲဗက်စ်၏ ယုံကြည်သူဖြစ်သလို ဤနေရာ၏ လျှို့ဝှက်သူလျှို တစ်ဦးလည်း ဖြစ်သည်။ ကျွမ်းကျင်ကစားသမား ဟုလည်း သတ်မှတ်နိုင်၏။ သို့အတွက်ကြောင့် တဲဗက်စ်က တင်မ်၏ စကားများကို ထည့်၍ စဉ်းစားနိုင်သည်။

များမကြာမီပင် ကာစီနိုဝန်ထမ်းက ငါးသိန်းတန် ငွေအစားထိုး ဒင်္ဂါးပြား များ ထည့်ထားသော သေတ္တာတစ်ခုနှင့် ပြန်ရောက်လာခဲ့သည်။ သူမ လဲလှယ်မည့် ငွေပမာဏက များပြားလှသောကြောင့် သာမန်ဒင်္ဂါးပြားများဖြင့် အစားထိုး မသုံးစွဲနိုင်ချေ။ လင်ချူရွယ်က မည်သည့် စကားမှ မပြောပဲ သန်းနှစ်ရာဖိုး လဲလှယ်လိုက်၏။

ဤသည်ကို ကြည့်ခြင်းဖြင့် လင်လဲ့တစ်ယောက် သူ့အမ ဖြစ်သူက ယောက်ဖဖြစ်သူကို မည်မျှ ချစ်မြတ်နိုးကြောင်း နားလည်လိုက်သည်။ ရှုချန်းသည်လည်း လင်ချူရွယ်က သန်း(၂၀၀) ပမာဏကို အလွယ်တကူ လဲလှယ်လိုက်မည်ဟု မထင်မှတ်ထားခဲ့ချေ။

တစ်ချိန်တုန်းကတော့ သူတို့နစ်ဦးအကြား လွန်မင်းစွာ ယုံကြည်မှု ရှိခဲ့ကြသည်။ ရှုချန်းက လင်ချူရွယ်၏ မျက်နှာလေးကို ကြည့်ရင်း သက်ပြင်းချ၏။

.. ငါလက်မလွှတ်နိုင်ပဲ အရမ်းခေါင်းမာနေလို့ များလား.. တကယ်တော့ ငါတို့နှစ်ယောက်ကြား ခံစားချက်တွေ ရှိနေသေးတယ်.. ဒါကြောင့် ချူရွယ်က ငါ့ကို ယုံကြည်တာပေါ့..

“ ဘာလို့ ငါ့ကို အဲ့လို  စိုက်ကြည့်နေတာလဲ.. အလကား ပေးတာ မဟုတ်ဘူးနော်.. ရှုံးသွားရင် ငါ့ကို ပြန်ဆပ်ရမယ်..” ရှုချန်းက သူ့ကို စိုက်ကြည့်နေသည်တွင် လင်ချူရွယ်က မျက်နှာမထားတတ် ဖြစ်သွားပြီး ဇက်ကလေးပု နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

တဲဗက်စ်တစ်ယောက် ဆက်လက် သည်းမခံနိုင်တော့ချေ။

ရှုချန်းကြောင့်သာ မဟုတ်လျှင် သူနှင့် လင်ချူရွယ်တို့က ကျောင်းတော်၏ အလိုက်ဖက်ဆုံး စုံတွဲဖြစ်လာမည်ပင်။ မည်သည့် ကပွဲမဆို သူက လင်ချူရွယ်နှင့် အတူ တက်ရောက်ရန် နည်းလမ်းရှာနိုင်၏။ သို့သော် လင်ချူရွယ်က စာသင်နှစ်ဝက်တွင် ရုတ်တရက် ကျောင်းမှ ထွက်သွားခဲ့သည်။

နတ်နဂါးစစ်သည်Where stories live. Discover now