အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)

136 18 0
                                    

နတ်နဂါးစစ်သည်
အပိုင်း ၁၅
( ရှေ့နေ့များ၏ အဝိုင်းခံရခြင်း )

လေယာဉ်မယ်မိန်းမလှလေးမှာ ကျန်လက်တစ်ဖက်ဖြင့် ဒေါက်မြင့်ဖိနပ်ကို မြှောက်လိုက်၏။ မိန်းမလှလေးတစ်ယောက်၏ ပုံရိပ်ကိုပင် သူမမှာ ဂရုမစိုက်နိုင်တော့။ ချက်ချင်းပင် ကျိန်ဆဲသံများ ထွက်လာတော့သည်။

"ရှင်နဲ့ဖြစ်တဲ့ ပြဿနာကိုတောင် ကျွန်မ မရှင်းရသေးဘူး။ ကျွန်မ လက်ပါအောင် ဘာဖြစ်လို့ အတင်းအကြပ် တွန်းအားပေးရတာလဲ ဟင်။ လေယာဉ်ပေါ် တစ်ချိန်လုံး လိုက်နေရလို့ ရှားရှားပါးပါး နားရက်လေးရတုန်း အိမ်ပြန်ပြီး တရေးတမော အိပ်နေတာကို ဟို အလိုက်ကမ်းဆိုး မသိတဲ့ စီမံခန့်ခွဲမှုဌာနကလူတွေက ညစ်ပတ်နေတဲ့ ပိုက်ဆံတထုပ်နဲ့ လာပြီး ဒီတထပ်လုံးကို တစ်ခြားတစ်ယောက် ဝယ်ယူလိုက်ပြီ ဆိုတဲ့အကြောင်း လာပြောတယ်။ အခု နိုးလာတာနဲ့ ရှင့်ကို မြင်ရတာပဲ။ ရှင်ပဲ မဟုတ်လား။ ရှင့်ကို အဲဒီပိုက်ဆံ တထုပ်နဲ့ မသေသေအောင် ရိုက်သတ်ပစ်ချင်နေတာ သိလား"
ရှူချန်းလည်း အောင့်သက်သက်နှင့် ပြုံးပြလိုက်သည်။

"ငါကလည်း တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်ကို သဘောကျလို့ပါ။ တောင်းပန်ပါတယ်ကွာ။ စီမံခန့်ခွဲမှုဌာနက ပြောတာတော့ မင်းက ပိုက်ဆံ ချို့တဲ့နေတဲ့ မိန်းကလေးမျိုး မဟုတ်ဘူးဆိုတော့ အခု ငါနေတဲ့ ကွန်ဒိုတိုက်ခန်းလိုမျိုး တစ်ခြား အခန်းတစ်ခုခုကို အလွယ်ကလေး ရှာနိုင်မယ် ထင်လိုက်လို့ပါ။ ဒါမှမဟုတ် မင်း ဟိုတယ်တစ်ခုခုကို သွားလည်း ရတာပဲ။ ဟုတ်သားပဲ။ ငါက တစ်ထပ်လုံးကို ဝယ်ခဲ့တာပဲ ကြည့်စမ်း။ ပြီးတော့ မင်းကိုတောင် မေ့နေတယ်။ ကဲ ... အခု မင်းမြင်တဲ့အတိုင်းပဲ။ ဒီတိုက်ခန်းရဲ့ မူလ တည်ဆောက်ပုံအရ အတွင်းလေးခန်းစလုံးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာ။ အခန်းခြားလိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ရှူချန်းက ပြောရင်းဆိုရင်းနှင့် မနေ့က ထုတ်လာခဲ့သော ပိုက်ဆံအုပ်ကြီးကို ထုတ်ယူကာ ပြောလိုက်သည်။

"ဒီမှာ စီမံခန့်ခွဲမှုဌာနက စာချုပ် ချိုးဖောက်တဲ့အတွက် မင်းကို ပေးရမယ့် လျော်ကြေးငွေ။ ဒီမှာနော် ငါ အားလုံး ယူလာပေးတယ် ... တစ်ပြားမှ မလျော့ဘူး သေချာစစ်ကြည့်"

နတ်နဂါးစစ်သည်Donde viven las historias. Descúbrelo ahora