အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))

143 15 0
                                    

နတ်နဂါးစစ်သည်
အပိုင်း ၃၅
( သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် )

ရှူချန်းက ခေါင်းကို ခါယမ်းလိုက်သည်။
"ရပါတယ်။ အခုက အတော်နောက်ကျနေပြီ။ မနက်ဖြန်ကျမှပဲ ကျုပ်ကိုယ်တိုင် ဘဏ်ကိုသွားပြီး ပိုက်ဆံ ပြန်ပေးမယ်"

"အဲဒါလည်း ကောင်းတာပဲ"
ရှန်ယောင်က ပြန်ပြောလိုက်သည်။

"အဲဒီပိုက်ဆံပမာဏက ကျွန်မအတွက် ဘာမှမဟုတ်ပါဘူ။ ပထမတော့ ရှင့်ကို အတိုးနဲ့ ချေးထားမလို့ပဲ။ ဒါပေမဲ့ ဒီမိသားစုအခြေအနေကို မြင်တော့ စိတ်ရင်းနဲ့ ကူညီချင်လို့ ကျွန်မ စိုက်ပေးတယ်ပဲ သဘောထားလိုက်ပါ"
ထို့နောက် ရှန်ယောင်က ရှူချန်းအား ကြည့်ရင်း စကားဆက်လိုက်သည်။

"ဒါပေမဲ့ ဒီကျေးဇူးတရားကို ရှင့်ဆီက ဘာမှပြန်မတောင်းရင်တောင် အနည်းဆုံးတော့ မြေရှင်ကို ပြဿနာမရှာလို့ မရဘူးလား။ အထူးသဖြင့် ယန်ကျင်း ကို"

"ကျုပ်ကလည်း ခင်ဗျားတို့နှစ်ယောက် အခက်အခဲဖြစ်အောင် မလုပ်ချင်ပါဘူး။ ခင်ဗျားတို့ နှစ်ယောက်က အလှအပနဲ့ ယောက်ျားတွေကို အနိုင်ယူနေတယ်လို့ ကျုပ် ပထမ ထင်မိလို့ပါ။ တကယ်တော့ ခင်ဗျားတို့နှစ်ယောက်ကို ကျုပ် အထင်လွဲနေတာပါ။ ကျုပ် အမှားပါ"
ရှူချန်းက ပြန်ပြောလိုက်သည်။

ရှန်ယောင်က ဘာမှမထူးခြားသလို ပြန်ပြောသည်။

"မဟုတ်ပါဘူး။ ရှင် မှန်ပါတယ်။ မိန်းမလှလေးတွေဆိုတာက သူတို့ရဲ့ ဘယ်လိုအလှအပကို ဖြစ်ဖြစ် ကြည့်မိတဲ့ ယောက်ျားတိုင်း တန်ဖိုးတစ်စုံတရာ ပြန်ပေးဆပ်ရမယ်လို့ အမြဲ ခံယူထားကြတာလေ။ ဒါကြောင့်လည်း အမျိုးသမီးအများစုမှာ သူတို့ရဲ့ အလှအပဆုံး အစိတ်အပိုင်းကို ဖော်ထုတ်ပြသဖို့ အခက်အခဲ ကြုံနေကြတာပေါ့။ မွေးကတည်းက မလှပတဲ့လူတွေက ခွဲစိတ်ပြုပြင်ပြီး လှပအောင် ပြုလုပ်ကြတယ်။ ဒါပေမဲ့ ရှင်ကတော့ အလှအပနဲ့ ပတ်သက်ပြီး ကျွန်မ စိတ်ညစ်ရအောင် လုပ်ခဲ့တာပဲ"

အလှအပအကြောင်း ပြောနေရင်းနှင့် ရှန်ယောင်မှာ တစ်စုံတစ်ခုကို မစဉ်းစားတတ်ဟန်နှင့် သူမ၏ လှပသော မျက်နှာလေးကို မော့ပြီး ရှူချန်းအား ငေးကြည့်ကာ မေးမြန်းလိုက်သည်။

နတ်နဂါးစစ်သည်Where stories live. Discover now