အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )

57 3 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၈၅

( မင်း မျက်ခွက် )

ရှုချန်းက အကြောလျှော့ သွေးပူလေ့ကျင့်ခန်းလုပ်ရင်းဖြင့် ကြီးကြပ်ရေးမှူး ဆင်းလာသည်ကို စောင့်နေ၏။ ကြီးကြပ်ရေးမှူးလည်း ဆင်းလာပြီး အင်္ကျီချွတ်လိုက်၏။ အသက် ၄၀ နီးပါး ရှိပြီ ဖြစ်သော်လည်း ခန္ဓာကိုယ်၌ ကြွက်သားတို့ ပြည့်နှက်နေဆဲ ဖြစ်ပေသည်။

"ကျုပ် ရဲတပ်ဖွဲ့ထဲဝင်တော့ ရဲညွှန်ကြားရေးမှူးတောင် ကျုပ်ကို လေးစားရတဲ့ အထိပဲ... ဆရာကြီး ဖြစ်ခဲ့တယ်လေ..."

ရှုချန်း ပြောလိုက်၏။

ကြီးကြပ်ရေးမှူးက ခြေဆစ် လက်ဆစ်တို့ ချိုးရင်းဖြင့် ...

"မင်းကို အဲဒီလို လူကြီးတစ်ယောက်တောင် လေးစားပြီဆိုရင် ဘာကိစ္စ ဒီကို ပြန်လာသေးတာလဲ... မင်း အဲဒီမှာလည်း အောင်မြင်မှုတွေ အများကြီး ရခဲ့ပြီးပြီ... ဒါတွေအားလုံးကို ဘာြဖစ်လို့ စွန့်လွှတ်လိုက်တာလဲ..."

ရှုချန်း ပြုံးလိုက်သည်။

"အဲဒါက တခြားလူတွေအတွက် လုပ်ပေးတာလေ... ကျုပ် မိသားစု အတွက် ဘာမှ ပြန်မလုပ်ပေးရသေးဘူး... လာပါ... ခင်ဗျား ကျုပ်ကို နိုင်ရင် ပြောပြမယ်..."

ကြီးကြပ်ရေးမှူး ရယ်မောပြီး ...

"ဟူဘင်း မင်းကို တစ်ချက်လေးတောင် ပြန်မထိုးနိုင်ဘူးလို့ ကြားတယ်... အခု ငါလည်း တကယ် စမ်းကြည့်ဦးမှပဲ..."

ရှုချန်း ပြုံးလိုက်၏။

"ခင်ဗျား စီစီတီဗွီက ကြည့်နေတာ မဟုတ်ဘူးလား... သိသိကြီးနဲ့ ဘာလို့မေးတာလဲ..."

"စစ်တပ်ထဲ ဝင်ကာစတုန်းက မင်း ငါ့ကိုပြောတာ မှတ်မိသေးလား... ငါ မင်းကို သင်ခန်းစာတစ်ခု သင်ပေးတယ်လေ... အမာရွတ်ပျောက်သွားလို့ မမှတ်မိတော့ဘူးလို့ လာမပြောနဲ့..."

"ခင်ဗျား ဘာလို့ စကားများနေတာလဲ... တိုက်စရာရှိ တိုက်တာမဟုတ်ဘူး... ဘာလဲ... ကြောက်နေပြီလား..."

ကြီးကြပ်ရေးမှူးက ရှုချန်း၏ အားနည်းချက်ကို ရှာဖွေရန် စကားပြောနေခြင်း ဖြစ်ပေသည်။ သို့သော် ရှုချန်း၏ လှောင်ပြောင်ခြင်းကို ကြားလိုက်ရသောအခါ ချက်ချင်း စူးစူးရဲရဲ စိုက်ကြည့်ပြီး ...

နတ်နဂါးစစ်သည်Where stories live. Discover now