အခန်း ၉၀ (အလောင်းအစား)

100 10 0
                                    

နတ်နဂါးစစ်သည်
အခန်း ၉၀
(အလောင်းအစား)

တဲဗက်စ်က ရှုချန်းကို ပုံမှန်မဟုတ်သော အကြည့်မျိုးဖြင့် တချက် လှမ်းကြည့်လိုက်သည်။ သူက ရှုချန်းကို ဤကဲ့သို့ ကစားရဲမည်ဟု မထင်ထားခဲ့ချေ။ ခေါ်ကြေးကို နှစ်ဆ  မမြှင့်လိုက်မိသည့် အပေါ် တဲဗက်စ် တစ်ယောက် မချိတင်ကဲ ဖြစ်မိသွားသည်။

ရှုချန်းက သူ့အား ဖိန့်လုံး လှိမ့်လုံး ထုတ်ရဲသည်လော..။

တတိယမြောက်အလှည့် ရောက်သည့်အချိန်တွင်လည်း ရှုချန်း၏ ဖဲချပ်များက ဆိုးဝါးနေဆဲပင်။ ရှုချန်းက သူ့ ဖဲကို ကြည့်ရင်း တင်မ် တစ်ဦးတည်းကိုသာ နိုင်မည် ဖြစ်ကြောင်း နားလည်သွား၏။

သူက တဲဗက်စ်နှင့် လင်ကွေ့ရန် တို့ကို မနိုင်နိုင်ချေ။ သို့အတွက်ကြောင့် နောက်ထပ် လှိမ့်လုံး ဖိန့်လုံးများဖြင့် ဟန်မဆောင်လိုတော့။ သူ၏ ပြိုင်ဘက်က ဖဲကောင်းနေရာ သူခေါ်သည့် ကြေးများကို လိုက်ပေလိမ့်မည်။ သို့ဆိုလျှင် သူ၏ ဖိန့်လုံးများက ကိုယ့်သေတွင်း ကိုယ်တူးသည့်နှယ် ဖြစ်သွားပေလိမ့်မည်။

ဤသို့ဖြင့် ရှုချန်းက တတိယအလှည့်တွင်တော့ မည်သည့် ခေါ်ကြေးမှမလိုက်ပဲ ဖဲချပ်များကို တိုက်ရိုက်ပင် မှောက်ထားခဲ့လိုက်သည်။

ယင်းအား ကြည့်ကာ တဲဗက်စ် တစ်ယောက် ရယ်ရင်းပြော၏။
“မင်း ဖိန့်လုံး ဆက်ထုတ်နေမယ် ထင်ခဲ့တာ..”

“ငါက ဦးနှောက်မဲ့တဲ့ သူမှ မဟုတ်တာ.. ပြိုင်ဘက်တွေကို အရူးလို့ သဘောထားလို့ မရဘူးလေ.. ခင်ဗျားတို့ကလည်း ဒုတိယတစ်ခေါက်တော့ ဘယ်အလှည့်စား ခံလိမ့်မလဲ ဟုတ်တယ်ဟုတ်..” ရှုချန်းကလည်း ရယ်မောလိုက်သည်။ တဲဗက်စ်က သူ့ကို မထိတထိ စကားဆိုလိုက်ခြင်း ဖြစ်ပေသည်။

တဲဗက်စ်က နှာခေါင်းရှုံ့လိုက်သည်။ ထိုအလှည့်တွင်တော့ တင်မ်ရှုံး၏။ ဤသို့ဖြင့် လေးလှည့်မြောက်သို့ ရောက်ရှိလာချေပြီ။

လေးလှည့်မြောက်တွင်တော့ ရှုချန်းက လက်ထဲမှ ဖဲချပ်များကိုပင် မကြည့်တော့ပဲ တဲဗက်စ်ကို ပြောလိုက်သည်။

“ဒီတစ်ခေါက် နည်းနည်းလေး စိတ်လှုပ်ရှားစရာ ဖြစ်အောင် ဆော့ကြမလား..”

နတ်နဂါးစစ်သည်Where stories live. Discover now