120+121

93 13 0
                                    

နတ်နဂါးစစ်သည်
အခန်း ၁၂၀
( ကောက်ကျစ်သည့် တိုက်ပွဲ )

ရှူချန်း အနည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့် ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ သူဌေး၏ နောက်ခံကို ရှာဖွေ တွေ့ရှိခဲ့သည်။

ယခုအချိန်တွင် ရှူချန်းအဖို့ အလျင်လိုစရာမလိုတော့ဘဲ ချန်းချင် စိုးရိမ်သောက ဗျာပါဒဝေနေသည်ကို တစိမ့်စိမ့်ထိုင်ကြည့်ကာ အရသာခံရမည့်အချိန် ဖြစ်ပေသည်။

ဗီလာအတွင်းမှ ချန်းချင် က ကိုင်ပေါက်ထားသော ဖုန်းကိုယူကာ ဆင်းမ်ကတ်ထုတ်လိုက်ပြီး အခြားသော ဖုန်းအသစ်ထဲသို့ ထည့်လိုက်သည်။ သိပ်မကြာခင်မှာပင် ဖုန်းထပ်ဝင်လာပြန်သည်။

ထိုနံပါတ်ကိုမြင်သောအခါ ချန်းချင် ၏လေသံမှာ ချက်ချင်းပြောင်းလဲသွား၏။

“ဟယ်လို...”

အခြားတစ်ဖက်မှ စူးရှရှအသံတစ်ခု ထွက်ပေါ်လာသည်။

“ဘာတွေဖြစ်နေတာလဲ... အာရှတောင်ပိုင်းက မူးယစ်ရာဇာနဲ့ အရှေ့အလယ်ပိုင်းဒေသက စီးပွားရေး လုပ်ငန်းရှင်တွေက ငါတို့ရဲ့ဖောက်သည်ကြီးတွေဆိုတာ မင်းမသိဘူးလား... သူတို့နှစ်ယောက်လုံး မင်းကို တကယ် စိတ်ပျက်သွားကြပြီ...”

“မစ္စတာ ဟဲထျန်း ... ကျုပ် တကယ်ကို စိတ်မကောင်းပါဘူး... ရဲတွေ ဒီလောက်အကွက်စေ့အောင် လုပ်ထားမယ်လို့ တကယ်ထင်မထားတာ... သူတို့လှုပ်ရှားတာကို သိသိချင်းမှာပဲ ကျုပ်တို့ လူတွေကို သူတို့ဖမ်းပြီးနေပြီ... ဒီတစ်ခါအမှားအတွက် ကျုပ်တောင်းပန်ပါတယ်... ဒီအမှားကိုလည်း ကျုပ် ပြန်ဆပ်ပေးပါ့မယ်... ဒါ့ကြောင့် ကျုပ်ကို နောက်တစ်ကြိမ်လောက် ထပ်ပြီး ယုံကြည်ပေးဖို့လိုတယ်... ဖောက်သည်နှစ်ယောက် ဆုံးရှုံးသွားတဲ့အပေါ် ကျုပ် ပြန်ပြီး ပေးဆပ်ပါ့မယ်... ကျုပ်တို့ အနောက်ပိုင်းတံခါးဝဂိုဏ်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး အတိုးနဲ့ ပြန်ဆပ်ပါ့မယ်...”

“ငါ့ကို မင်းဒါတွေ ပြောနေဖို့မလိုဘူး... ဖောက်သည်နှစ်ယောက်အတွက် ပြင်ထားတဲ့ ဒေါ်လာ ၁.၅ ဘီလျံ အခု ဘယ်ရောက်နေလဲ...”

ချန်းချင် က ဖြည်းညှင်းလေးကန်စွာဖြင့် “အကုန်လုံး ရဲတွေသိမ်းသွားပြီ... ကျုပ်တို့ ထွက်ပြေးဖို့အချိန်တောင် မရလိုက်ဘူး...”

နတ်နဂါးစစ်သည်Where stories live. Discover now