အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )

74 5 0
                                    


နတ်နဂါးစစ်သည်

အခန်း ၁၃၅

( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )

သခင်ကြီး ချန် က ...

"ဟုတ်တယ်... ကျုပ်ပြောချင်တာက တံခါးဝဂိုဏ်း လေးခုလုံးဆက်ပြီး တည်ရှိသည်ဖြစ်စေ မတည်ရှိသည်ဖြစ်စေ ကိစ္စမရှိဘူး... အဓိက က ဒီရဲက သူရဲကောင်းအနေနဲ့ ဇာတ်သိမ်းပြီး ကျုပ်တို့က လူမိုက်အနေနှင့် ပျက်စီး သွားရမှာတော့ မလိုချင်ဘူး... ဒီကောင် သေမှဖြစ်မယ်... အထူးသဖြင့် ဒီကောင်လေးက လူသစ် တစ်ယောက်ပဲ... သူ့လိုမျိုး လူသစ်တစ်ယောက်က ရှန်ချန်းမြို့ရဲ့ အစဉ်အလာ ကြီးမားတဲ့ ဂိုဏ်းကြီးလေးခုကို ဖျက်ဆီးခွင့် မပေးနိုင်ဘူး... သူ ဘယ်ကလာတယ် ဘာလုပ်နေတယ်ဆိုတာတွေ ကျုပ် ဂရုမစိုက်ဘူး... ဒါပေမဲ့ ရှန်ချန်းကို ရောက်လာရင် ကျုပ်တို့ စည်းကမ်းအတိုင်းပဲ သူ နေရမယ်... မြောက်ပိုင်းနဲ့ အနောက်ပိုင်းက ကောင်တွေရှေ့မှာ ကျားတစ်ကောင်ဆိုပေမဲ့ ကျုပ်ရှေ့မှာတော့ သူက ကြောင်တစ်ကောင်ဆိုတာ အားလုံး သိအောင် လုပ်ပြမယ်..."

မစ္စတာ ဟဲထျန်း က အံ့အားသင့်စွာ ကြည့်လိုက်ကာ...

"ခင်ဗျား သူ့ကို သတ်ချင်တယ်ဆိုရင်လည်း တောင်ပိုင်းတံခါးဝဂိုဏ်းကိုရော ဘာလို့ မပူးပေါင်းခိုင်းတာလဲ..."

"တောင်ပိုင်း တံခါးဝဂိုဏ်းက စားသောက်ကုန်နဲ့ ကုန်စည်လုပ်ငန်းတွေ... ပြီးတော့ နိုက်ကလပ်တွေ ကေတီဗီတွေ... ဒါတွေအားလုံး ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်ဖို့ အစိုးရကို အဆင်ပြေအောင် ပေါင်းနေရတာ... ဒါ့ကြောင့် အခုချိန်မှာ အစိုးရကို အာခံရင် သူတို့ဒုက္ခရောက်မှာ ကြောက်နေကြတာ... ဒီကောင်တွေ လူမိုက်သွေးတွေ လျော့သွားပြီ... သူတို့ကို အရင်လို အားကိုးလို့မရတော့ဘူး... ဒါပေမဲ့လည်း ကောင်းပါတယ်... ဒီကောင်တွေက သွေးနည်းသွားတော့ ကျုပ်တို့ပဲ လူမိုက်ဂုဏ်ဆက်ပြပြီး နယ်မြေကြီးကြီး အုပ်စိုးလို့ရတာပေါ့... တခြားသူတွေ ကြောက်နေပေမဲ့ ကျုပ်တို့ အရှေ့ပိုင်းတံခါးဝဂိုဏ်းကတော့ ကြောက်မနေဘူးဆိုတာ သိစေရမယ်... "

ညနေဘက်တွင် အိမ်ပြန်ရောက်လာသော ရှုချန်း နှာချေနေ၏။

အချစ်ဇာတ်ကားတစ်ခု ကြည့်နေသော ရှန်ယောင်က နှာချေနေသည်ကိုမြင်၍ ဂရုတစိုက်ဖြင့် မေးလာသည်။

နတ်နဂါးစစ်သည်Where stories live. Discover now