အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)

145 15 1
                                    

နတ်နဂါးစစ်သည်
Ace Of The Dragon Division
အခန်း ၁၁
(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)

စာသင်ကျောင်းမှ ကျောင်းသားအများစု ထွက်သွားပြီးချိန် ရဲစခန်းမှ ကျန်းရိုအန် ထံ ဖုန်းဝင်လာပြီး တောဝင်ကလပ်၌ ရန်ပွဲတစ်ပွဲ ဖြစ်နေကြောင်း သတင်းပို့လာလေသည်။ ကျန်းရိုအန် လည်း ဖုန်းကို ကပျာကယာ ချပြီး ရှူချန်း ကို လှမ်းပြောလိုက်၏။

"ငါ တော်ဝင်ကလပ်ကို သွားကြည့်လိုက်ဦးမယ်။ ဒီမှာနေပြီး ကျောင်းသားတွေကို တစ်ချက် ကြည့်ထား။ စာသင်ခန်းတွေမှာ လူမရှိတော့ဘူးဆိုမှ ငါ့ဆီ လိုက်လာခဲ့"
ရှူချန်း က ခေါင်းညိတ်ပြလိုက်၏။

ကျန်းရိုအန် ထွက်သွားပြီးနောက် ရှူချန်း လည်း လမ်းမ နံဘေးတွင် ရပ်ရင်း အထက်တန်းကျောင်း ဝင်ပေါက်တံခါးကိုသာ မမှိတ်မသုန် စောင့်ကြည့် အကဲခတ်နေလေ၏။ ထို့နောက် ကျောင်းခန်းထဲတွင် ကျောင်းသားများ မရှိသလောက် နည်းပါးသွားသည်နှင့် ဆိုင်ကယ်ပေါ်တက်ပြီး ပတ်ပတ်လည်ကို လှည့်ကာ မောင်းကြည့်လေသည်။

သူ လမ်းဘေးတစ်ခုတွင် ရပ်လိုက်၏။ လမ်းကြားထဲ၌ အထက်တန်းကျောင်းသား တချို့က ဆယ်ကျော်သက် လူရွယ်တစ်ယောက်အား အနိုင်ကျင့်နေသည်ကို မြင်လိုက်ရ၍ ဖြစ်သည်။

ရှူချန်း လည်း ဆိုင်ကယ်ဟွန်းကို တီးပြီး အော်ပြောလိုက်၏။
"ဒီအချိန်ရောက်နေပြီ ... မင်းတို့ အိမ်မပြန်ကြသေးဘူးလား"

ကျောင်းသားငါးယောက်လည်း လှည့်ကြည့်လိုက်ရာ ရဲအရာရှိတစ်ယောက်မှန်း သိလိုက်ရ၍ ချက်ချင်း လမ်းကြား အပြင်သို့ ပြေးထွက်သွားကြလေတော့၏။ လမ်းကြားမှ မထွက်ခင် မကျေနပ်သည့်အလား သူ့အား စူးစူးဝါးဝါး စိုက်ကြည့်သွားကြလေသည်။
ကျောင်းသားငါးယောက် ထွက်သွားမှ လမ်းကြားထောင့်နံရံအား ခွေခွေကလေး မှီနေသော လူငယ်တစ်ယောက်ကို ရှူချန်း တွေ့လိုက်ရသည်။

"မင်း အဆင်ပြေရဲ့လား"

လူရွယ်က ဆံပင်ကို ရွှေအိုရောင်ဆိုးထားပြီး နားတွင်လည်း နားကပ်တစုံ ဝတ်ဆင်ထားသေး၏။ တပ်ထားသော စိန်အစစ်များကို ကြည့်ရုံနှင့် နားကပ်မှာ ဈေးပေါပေါ နားကပ်တစုံ မဟုတ်မှန်း ရှူချန်း အတပ်ပြောနိုင်သည်။ လူရွယ်က ခေါင်းကိုမော့ပြီး ရှူချန်း အား မကျေနပ်သလို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

နတ်နဂါးစစ်သည်Where stories live. Discover now