၁၆၀( ဟာကွက် အပြည့်နှင့် )

52 4 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၆၀

( ဟာကွက် အပြည့်နှင့် )

ရှုချန်းက ပြုံးလိုက်ပြီး...

" သံအမတ်ကြီး... ကျုပ်တို့က စုံစမ်းစစ်ဆေးရုံပါ တရားစွဲနေတာ မဟုတ်သေးပါဘူး... ဘာပြဿနာမှ ရှာမတွေ့ရင် ကျုပ်တို့ လုပ်ရပ်အတွက် တာဝန်ယူမယ်... ဒါပေမဲ့ အခုတော့ ကျုပ်တို့ စစ်ဆေးရလိမ့်မယ်... လုပ်ထုံးလုပ်နည်းတွေကို သံအမတ်ကြီး နားလည်သင့်တယ်လို့ ထင်တယ်... "

" ခင်ဗျား ကျုပ်ကို သင်ပေးစရာ မလိုဘူး... ကျုပ်ရောက်လာတာက ခင်ဗျားက ရဲအင်အား အများကြီး သုံးပြီး အဆောက်အဦး တစ်ခုလုံးကို ဝန်းရံထားလို့ပဲ... ခင်ဗျားတို့က လာစစ်ဆေးတာနဲ့ မတူပဲ လူတွေကို ဖမ်းခေါ်သွားတဲ့ ပုံမျိုး ဖြစ်နေတယ်... ကျုပ်သာ ရောက်မလာရင် ကျုပ် လူတွေကို ဖမ်းခေါ်သွားပြီး နှိပ်စက်ပြီး အပြစ်ရှိသလို အတင်းအကြပ် ဝန်ခံခိုင်းမှာမလား... "

ရှုချန်းက မျက်မှောင်ကြုံ့၍...

" ခင်များတို့ ဝေ့နိုင်ငံရဲ့ စီးပွားရေး မဟာမိတ်အဖွဲ့ ဒုတိယ ဥက္ကဌ ခန်းရီ ကို ကျုပ်ဖမ်းထားတယ်... သူ့ကို လွှတ်ပေးစေချင်တာလား... သူ့ကို အကြောင်းမဲ့ ဖမ်းတယ်လို့ ထင်နေတာလား... "

ခန်းရီ မှာ အခင်းဖြစ်ပွားရာတွင် ရှိနေခြင်းကြောင့် သံအမတ်လည်း မည်သို့ အကြောင်းပြချက် ပေးရမှန်း မသိ ဖြစ်သွား၏။ ရှုချန်းကိုသာ စိုက်ကြည့်နေလိုက်၏။

ဒီကောင်က ချက်ကျလက်ကျ ပြန် တုံ့ပြန်တဲ့နေရာမှာ အတော် အားကောင်းတာပဲ...။

သံအမတ် ပြောစရာ စကားရှာမရ၍ နှုတ်ဆိတ်သွားသည်ကို မြင်လိုက်သောအခါ ရှုချန်းက...

" သဲလွန်စတွေ အရဆို ငွေမည်းတွေက ဒီနေရာက ထွက်လာတဲ့ အတွက်ကြောင့် လာစစ်ဆေးတာပါ... ဒီလို လာစစ်ဆေးလို့ ပြဿနာ တစ်ခုခု ရှိလား... သံအမတ်ကြီး နာမည် ဂုဏ်သတင်း၊ သိက္ခာအရဆို ဒီနေရာမှာ ရှိမနေသင့်ဘူး... ဘာလဲ... မှောင်ခိုဘဏ် နောက်ကွယ်မှာ နိုင်ငံ တစ်ခုလုံး ရှိနေတာလား... "

" ခင်ဗျား ရမ်းသမ်း မစွပ်စွဲနဲ့... ခင်ဗျား ပြောနေတဲ့ စကား ဘယ်အထိ ရောက်နေပြီဆိုတာရော သိရဲ့လား... "

နတ်နဂါးစစ်သည်Where stories live. Discover now