၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )

56 6 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၆၃

( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )

နောက်တစ်နေ့တွင် ရှုချန်းက ဌာနချုပ်၏ HR ဌာနမှ ထွက်လာပြီးနောက် သူ၏ ပစ္စည်းများကို ထုတ်ပိုးသိမ်းဆည်း‌ရန် ရုံးခန်းသို့ တည့်တည့်မတ်မတ်သွားခဲ့သည်။ အဖွဲ့ ( ၂ ) မှ အဖွဲ့ဝင်များ အားလုံးလည်း ဆုပေးရန် အခမ်းအနားမှ ပြန်လည်ရောက်ရှိလာကြပြီး ရှုချန်းကို တွေ့လိုက်သောအခါ အားလုံး စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းအုံလာလိုက်ကြ၏။

"ခေါင်းဆောင်... ခင်ဗျား ဘာလို့ ဆုပေးပွဲမတတ်တာလဲ..."

"ငါ သွားတော့မယ်..."

ရှုချန်း ပြုံးကာပြောလိုက်၏။ ထို့နောက် အဖွဲ့ ( ၂ ) အဖွဲ့ဝင်များကို ကြည့်ကာ...

"အနာဂါတ်မှာ မင်းတို့တွေက အဖွဲ့ ( ၂ )ရဲ့ ဂုဏ်ယူစရာ လူတွေ ဖြစ်လာလိမ့်မယ်... အလုပ်ကြိုးစားကြ... "

အဖွဲ့ဝင်များအားလုံး အံ့အားသင့်သွားကြ၏။

"ခေါင်းဆောင် ဘာတွေပြောနေတာလဲ..."

"ငါ နှုတ်ထွက်စာ တင်ပြီးပြီ..."

ရှုချန်း ပြုံးကာ ပြောလိုက်၏။ ယခုနှစ်များအတွင်း၌ ပိုမို သန်မာကာ သူ့ကိုယ်သူ ပိုမို ယုံကြည်မှု ရှိလာပြီး ယခု အခြေအနေမျိူး၌ပင် စိတ်တည်ငြိမ်စွာ ထားနိုင်နေလေပြီ။ သူ၏ အဖွဲ့ဝင်များ ပုခုံးကို ပုတ်လိုက်ပြီး...

"ငါ ထွက်သွားပေမယ့် မင်းတို့ထဲက တစ်ယောက်ယောက် အလုပ် မလုပ်ဘူးလို့ မကြားချင်ဘူးနော်... ငါ ဂုဏ်ယူရတဲ့သူတွေဖြစ်အောင် လုပ်ပါ... ငါတို့အဖွဲ့က သေးသေးလေးဆိုပေမဲ့ ဒီနေ့ကစပြီး တခြားဘယ်သူမှ ငါတို့ကို မထီမဲ့မြင် လုပ်ရဲမှာ မဟုတ်တော့ဘူး... ဒီလိုဖြစ်ခဲ့တာလည်း ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ စွမ်းဆောင်ရည်တွေကြောင့်လေ... ဒါကြောင့် ကောင်းတဲ့အလုပ်တွေ ဆက်လုပ်ပြီး ဂုဏ်ယူရအောင် နေကြ..."

ထိုကဲ့သို့ ပြောပြီးနောက် ဝူကန်းနှင့် အခြားသူများ ပြန်ပြောရန် အခွင့်အရေး မပေးတော့ဘဲ ရုံးခန်း အပြင်ဘက်သို့ ချက်ချင်း ထွက်သွားတော့၏။

နတ်နဂါးစစ်သည်Where stories live. Discover now