၁၇၀( မောက်မာသော လူသစ် )

60 5 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၇၀

( မောက်မာသော လူသစ် )

လူသစ်ဖြစ်သော ဟူပင်း မှာ ထူးချွန်လှသော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် စွမ်းဆောင်ရည် အလုံးစုံတို့ကြောင့် ထိပ်တန်းစစ်သည် သုံးဦး၏နေရာကို ဆက်ခံနိုင်ရန် ရေပန်းစားနေသည့်အတွက် လေ့ကျင့်နိုင်ရန် အထူးစစ်ဆင်ရေးဌာနသို့ ပြောင်းရွှေ့ခံခဲ့ရသူ ဖြစ်၏။

စခန်းတစ်ခုလုံးက ၄င်းတို့၏ မျှော်လင့်ချက် တစ်ဝက်ခန့်ကို သူ့အပေါ် တွင် ပုံအောထားပေသည်။ ထိုကဲ့သို့ မျှော်လင့် အားထားရသူ ဖြစ်သည့်အတွက် အထူးစစ်ဆင်ရေး ဌာန၏ နံပါတ်တစ်ဟူသော ဂုဏ်ပုဒ်ကိုရရှိခဲ့သူလည်း ဖြစ်၏။ စီနီယာစစ်သား အများအပြားမှာ သူ့ထက် အားနည်းသောကြောင့် လေ့ကျင့်ရန် အရင်းအမြစ်များ ပေးဝေရာ၌ နည်းပြများက ဟူပင်း အတွက် ပိုမို အာရုံစူးစိုက်ပေသည်။

ထိုသို့အရေးပေးခံရသော်လည်း ဟူပင်း မှာ အခြားသောသူများကို စိတ်မပျက်စေဘဲ စွမ်းရည်များ တရိပ်ရိပ် တိုးတက်လာနိုင်ခဲ့၏။ ဟူပင်း မှာ လွန်စွာ ထက်မြက်သည့်အတွက် ပြိုင်ပွဲ၌ သူ့အား ဗဟိုပြုသည့် နည်းဗျူဟာများ အသုံးပြုမည် ဖြစ်ပေသည်။ ဤကဲ့သို့ ထူးချွန်ထက်မြက်ကာ လူအများ၏ ယုံကြည်ကိုးစားမှုကို ခံနေရသော ဟူပင်း မှာ ပြိုင်ပွဲဝင်မည့်အဖွဲ့၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ရဖွယ်လည်း ရှိနေ၏။

သို့သော် ဤအချိန်တွင် မမျှော်လင့်ထားသော လူတစ်ယောက် ပြန်ရောက်လာခဲ့သည်။ မှန်ပေသည်။ ထိုသူမှာ ရှုချန်းပင်။

အကယ်၍ စီနီယာကျမှုရော အရည်အချင်းအရပါဆိုလျှင် ဤပြိုင်ပွဲ၌ ရှုချန်းသာ ဝင်ပြိုင်ခဲ့ပါက အလိုလို ခေါင်းဆောင်ဖြစ်ပေလိမ့်မည်။ ယခုလူတိုင်း၏ မျှော်လင့်ချက်ဖြစ်နေသော ဟူပင်း ကဲ့သို့ပင် ရှုချန်းမှာလည်း တစ်ချိန်က အားလုံး၏ မျှော်လင့်ချက်တို့ ပုံအောခဲ့ရသူ ဖြစ်ပေသည်။ အကြောင်းအရင်း တစ်စုံတစ်ခုကြောင့် ရှုချန်း စွမ်းအားများ ကျဆင်းသွားလျှင်တောင် အတွေ့အကြုံ၊ သဘာ၊ ဝါတို့ ရှိနေသေး၏။ သို့ဖြစ်၍ ကြီးကြပ်ရေးမှူးနှင့် နည်းပြများက ကျွမ်းကျင် ဝါရင့်သော ရှုချန်းကို ဤတပ်ဖွဲ့ကို ဦးဆောင်စေမည်မှာ အသေအချာပင်။

နတ်နဂါးစစ်သည်Where stories live. Discover now