၁၄၄( အသန်မာဆုံး B အဆင့် )

62 6 0
                                    

နတ်နဂါးစစ်သည်

အခန်း ၁၄၄

( အသန်မာဆုံး B အဆင့် )

နှစ်ဦးသား အပြင်မှ မြက်ခင်းပြင်ဆီသို့ ထွက်သွား၏။ ၎င်းတို့ကိုကြည့်ရသည်မှာ မလွှဲသာ မရှောင်သာ ရန်ဖြစ်ရပုံပေါ်၏။ ရှန်ယောင်က သူ့အဖေကို မကျေမနပ် စိုက်ကြည့်ရင်း...

"အဖေ တကယ်လို့ အစ်ကိုကြီး ဝမ်ကျောက် သာ ရှုချန်းကို ဒဏ်ရာရအောင်လုပ်ရင် ဒီအိမ်ကြီးထဲမှာ သူ့ကို ဘယ်တော့မှ ထပ်မမြင်ချင်တော့ဘူး..."

ရှန်ဝမ်ဆန်း က ချက်ချင်းအော်ကာ ပြောလိုက်၏။

"တကယ်လို့ ရှုချန်းဆိုတဲ့ကောင်က သမီးနားမှာ ကပ်နေပေမယ့် သူ့မှာ အရည်အချင်း မရှိရင် အနာဂါတ်မှာ သမီးအတွက် လုံခြုံမှုဆိုတဲ့ အရာကို ဘယ်လိုခံစားနိုင်မှာလဲ...အဖေတို့ မိသားစုမှာ မပြည့်စုံတဲ့အရာ ဘာမှမရှိဘူး... ဒါပေမဲ့ သမီးမှာ လုံခြုံမှုဆိုတဲ့ ခံစားချက် ကင်းမဲ့နေတယ်ဆိုတာ အဖေသိတယ်... ဒါကြောင့် သူ့ အစွမ်းအစကို စမ်းသပ်နေတာ... "

ရှန်ယောင်က...

" အဖေ ဒီကိစ္စရဲ့ တစ်ဝက်လောက်တောင် မသိဘူးလား...အခုချိန်မှာ သူက သမီးနားကို ကပ်နေတာမဟုတ်ဘူး...အဖေ့ရဲ့ သမီးကသာ သူ့ကို လိုက်နေရတာ..."

ရှန်ဝမ်ဆန်း မျက်လုံး ပြူးကြည့်လိုက်၏။

"ဘာရယ်..."

ထို့နောက် ဖြေးဖြေးချင်း ပြောလိုက်၏။

"သမီး သူ့ကို ကြိုက်နေတာလား... ဒီကောင် ဘယ်ကလာတယ်ဆိုတာ သိလား... ဒီလောက် ဆင်းရဲနုံချာနေတဲ့ ငမွဲကောင်ကို ဘယ်လိုများ ကြိုက်လိုက်တာလဲ..."

ရှန်ယောင်က ချက်ချင်းပြန်ပြော၏။

"ဆင်းရဲတဲ့သူ ဖြစ်တော့ရော ဘာဖြစ်လဲ... အမေဆိုရင် တက္ကသိုလ်ကျောင်းသူလေး တစ်ယောက်လေ... ဒါပေမဲ့ အဖေ့လိုမျိုး ဆင်းရဲတဲ့ ကောင်လေးကို ဘယ်လိုချစ်မိသွားတာလဲ... ပြီးတော့ အဖေက ရုပ်လည်း ဆိုးသေးတယ်..."

ရှန်ဝမ်ဆန်း သီးသွား၏။

"သမီး... ဒါ သမီး တစ်ယောက်က အဖေဖြစ်သူကို ပြောရမယ့် စကားလား..."

နတ်နဂါးစစ်သည်Where stories live. Discover now