အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )

98 11 0
                                    

နတ်နဂါးစစ်သည်
အခန်း ၉၁ (စာစဥ် ၇)
( ဒီကောင်လေး ပြောင်းလဲသွားပြီ )

တဲဗက်စ်အတွက် ရွေးချယ်စရာ မရှိတော့ချေ။ ငွေသားထုတ်ယူရန် စာရင်းကိုင်ထံသို့ သွားလိုက်ရသည်။

သို့သော်ြငားလည်း စာရင်းကိုင်က အမှားမခံချေ ။
“ ခင်ဗျား ရဲ့ ရှယ်ယာကို အပေါင် မထားသရွေ့တော့ ဗလိုင်းကြီး ဒီငွေသားတွေကို ထုတ်လို့ ရမှာ မဟုတ်ဘူး ... ”

တဲဗက်စ် တခဏ တွေးကြည့်လိုက်သည် ။ တဆက်တည်း ခေါင်းဖွဖွ ခါယမ်းလိုက်၏။ မည်သို့ ဆိုစေ ဒီပွဲ၌ သူသာလျှင် အနိုင်ရမည် ဖြစ်သည်မို့ ငွေသားအနည်းငယ် ထပ်ပေးပြီး သူ့ရှယ်ယာများ ပြန်လည် ရွေးယူနိုင်သည် မဟုတ်လော ။

လိုအပ်သည့် စာရွက်စာတမ်း၌ လက်မှတ်ထိုးပြီးနောက် သန်း ၄၀ တန် ဒင်္ဂါးပြားများ အား တင်မ် ထံ သို့ ကမ်းပေးလိုက်သည်။ တင်မ်သည်လည်း ရှိသမျှ အရာအားလုံး စားပွဲအလယ်သို့ တွန်းတင်လိုက်ရင်း...
“ ကဒ်လှန်တော့...”

ရှုချန်း သူ့ကဒ်များကို ကြည့်ဟန် ပြုလိုက်သည်။ ရလာဒ်အား အစောကတည်းက သူသိပြီးသားပင် ။ တင်မ် ၏ အစဥ်လိုက် ဂဏန်းက သူ့ ကာလာတူ ထက် အများကြီး ပိုငယ်သည် ။ ထိုကြောင့်လည်း ဤအခြေအနေ အထိ သူ ဆွဲခေါ်လာခဲ့ခြင်း ဖြစ်၏။

လင်ချူရွယ် က ရှုချန်း အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ တင်မ် ၏ ကဒ်များကို ကြည့်ပြီးနောက် ရှုချန်း အနိုင်ရချေ သိပ်မရှိဟု သူမ စိတ်ထဲ ခံစားလိုက်ရ၏။ ပြိုင်ဘက်က ဂဏန်းစဥ် ( Straight )  ဖြစ်နေသည်မို့ ဖဲမကြည့်ပဲ ကစားခြင်းက ကိုယ့်ကိုယ်ကိုယ် ဆွဲချနေခြင်းပင် မဟုတ်ပါလော ။

ရှုချန်း က သူ့ဖဲအား အကြာကြီး စိုက်ကြည့်နေသည်ကို မြင်သော် တဲဗက် တစ်ယောက် စိတ်မရှည်နိုင်တော့ပေ ။ သူ နိုင်ပြီ ဟု အထင်နှင့် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး...
“အန္တရာယ်များတဲ့ အလောင်းအစား မလုပ်ဖို့ အစကတည်းက မင်းကို သတိပေးပြီးပြီ ထင်တယ်... နီကိုးစ် (လင်ချုရွယ် ) ဆီ က ပိုက်ဆံချေးဖို့ တွေးနေတာလား... ဒီလိုဆို မင်းရဲ့ ပိုက်ဆံ ထပ်ယူဖို့ အားနားစရာတွေတော့ ဖြစ်တော့မယ်...”

နတ်နဂါးစစ်သည်Where stories live. Discover now